ဆေးဝန်ထမ်းတွေကို မခွဲခြားဖို့ ဘန်ကီမွန်းပြော

  • 27 အောက်တိုဘာ 2014
_ua_session ဓာတ်ပုံ မူပိုင် Reuters
Image caption အဒစ္စ အဘာဘာ အစည်းအဝေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အီဘိုလာ ကူးစက်ခံရတဲ့ နိုင်ငံတွေ ဘက် မှာ ကုသ အကူအညီ ပေးတဲ့ ဆေးဝန်ထမ်းတွေ ကို သီးသန့် ခွဲထားတာနဲ့ ပတ်သက်လို့ ဝေဖန်တဲ့ သတင်း ကို ဘီဘီစီ အာဖရိကနိုင်ငံ ဆိုင်ရာ သတင်းထောက် အီမန်နျူရယ်လ် အီဂွန်ဇာ က ပေးပို့လိုက်ပါတယ်။

အထူးသဖြင့် ဆီရီယာလီယွန်း က ပြန်လာတဲ့ သူနာပြု ဆရာမ ကို အမေရိကန် လေဆိပ် ရောက်လာတဲ့ အခါမှာ ပြုမူဆက်ဆံတာနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောတာပါ။

အီဘိုလာ ရောဂါသွားရောက် ကုသပေးတဲ့ ဆေးဝန်ထမ်းတွေ ဟာ လူသားတွေ အပေါ်မှာ အနစ်နာခံ ပြုစုကုသပေးတဲ့ ထူးခြားတဲ့ စေတနာရှင် တွေ ပါ။ သူတို့ ပြန်လာတဲ့ အခါမှာ ခြေခြေမြစ်မြစ် စစ်ဆေးမှု မရှိပဲ သီးသန့် ခွဲထား တာမျိုး မလုပ်သင့်ပါဘူး။ ဒီရောဂါ တိုက်ဖျက်ရေး မှာ သူတို့ ကို အားကိုး နေရတာ ပါ လို့ ဘန်ကီမွန်းက ပြောတာပါ။ အဆိုပါ သူနာပြု ကေစီ ဟစ်ကောစ် က သူ့ကို ပြစ်မှုကျူးလွန်တဲ့ ပုံစံမျိုး နဲ့ ရောဂါ လက္ခဏာ မပြဘဲနဲ့ သုံး ရက်ကြာတဲ့ အထိ အများနဲ့ သီးသန့်ခွဲထား လို့ မကျေမနပ်ဖြစ်ခဲ့တာပါ။

ဒါ့အပြင် မစ္စတာ ဘန်ကီမွန်း က နိုင်ငံတကာ အနေနဲ့ လည်းအီဘိုလာ ရောဂါ ကူးစက်နေတာကို တိုက်ဖျက်ရေး အတွက် ငွေကြေးကူညီ ကြဖို့လည်း ပန်ကြားလိုက်ပါတယ်။ အခုလည်း ငွေကြေးထည့်ဝင်မှု ရှိပေမဲ့ မလောက်င တဲ့ အခြေအနေပါ။ ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်ယုံကင်းမ် ကလည်း အာဖရိက နိုင်ငံတွေ ထဲက အီဘိုလာ မဖြစ်တဲ့ နိုင်ငံ တွေထဲက ငွေကြေး အကူအညီပေးတဲ့ အကြောင်း ပြောပါတယ်။ အခုလို အီသီယိုးပီးယား နိုင်ငံ အဒစ္စအဘာဘာ မြို့မှာ ကျင်းပ တဲ့ အစည်းအဝေး မှာ စုစုပေါင်း ရံပုံငွေ ဒေါ်လာ ၈ ဘီလီယံ ရကြောင်းလည်း ထုတ်ဖေါ် ပြောသွားပါတယ်။