ဂျပန် အရာရှိတွေ မြောက်ကိုရီးယား ရောက်နေ

  • 27 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဂျပန် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မစ္စတာ Junichi Ihara

၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန် နှစ်တွေ အတွင်းက မြောက်ကိုရီးယားရဲ့ ပြန်ပေးဆွဲမှုကို ခံခဲ့ရတဲ့ ဂျပန် နိုင်ငံသား တွေအကြောင်း စုံစမ်း စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဂျပန် ထိပ်တန်း အရာရှိကြီးတွေ မြောက်ကိုရီးယားကို ရောက်ရှိနေပါတယ်။

အခုလို ဂျပန် ကိုယ်စားလှယ် အဖွဲ့ကို မြောက်ကိုရီးယားကို ပို့လွှတ် တာဟာ ၁၀ နှစ်အတွင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

မြောက်ကိုရီးယားက သူ့ရဲ့ သူသျှိုတွေကို ဂျပန် စာပေနဲ့ ယဉ်ကျေးမှု သင်ပေးဖို့ ပြန်ပေးဆွဲ ဖမ်းဆီး ခဲ့တယ်လို့ ယူဆရတဲ့ ဂျပန် နိုင်ငံသား ၁၂ ယောက်နဲ့ ပတ်သက်ပြီး ဂျပန် အရာရှိတွေက သတင်း ရယူလိုတာ ဖြစ်ပါတယ်။

ဂျပန် နိုင်ငံသား စုစုပေါင်း ၁၇ ယောက်ကို မြောက်ကိုရီးယားက ပြန်ပေးဆွဲခဲ့တယ်လို့ ဂျပန်က ယုံကြည်ထားပြီး အဲဒီ အထဲက ၅ ယောက်ကိုတော့ မြောက်ကိုရီးယားက ၂၀၀၂ ခုနှစ်မှာ ဂျပန်ကို ပြန်လွှဲပေး ခဲ့ပါတယ်။

ကျန်တဲ့သူတွေ ကတော့ သေဆုံးသွားတာ ဖြစ်စေ၊ မြောက်ကိုရီးယား နိုင်ငံထဲကို ရောက်မလာ ခဲ့တာ ဖြစ်စေ တစ်ခုခု ဖြစ်နိုင်တယ်လို့ မြောက်ကိုရီးယားက အဲဒီ အချိန်က အခိုင်အမာ ပြောခဲ့လို့ ဂျပန်တွေကို စိတ်ဆိုး ဒေါသ ထွက်စေ ခဲ့ပါတယ်။

ဂျပန်နိုင်ငံက ဒဏ်ခတ် ပိတ်ဆို့မှု တချို့ကို လျှော့ပေါ့ ပေးတဲ့ အတွက် အပြန်အလှန်အားဖြင့် ဒီကိစ္စကို စုံစမ်း စစ်ဆေးဖို့ မေလတုန်းက မြောက်ကိုရီးယားက သဘောတူညီတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ