အဂတိမှု သတင်းပေးတွေကို တရုတ် ကာကွယ်ပေးမယ်

  • 28 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၁၂ မှာ ရှီကျင်းပင် သမ္မတ ဖြစ်လာပြီး နောက်ပိုင်း အဂတိမှုတွေ ဆက်တိုက် ဖော်ထုတ်လာ

တရုတ် နိုင်ငံမှာ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ် နိုင်ဖို့ သတင်း ပေးသူတွေကို ဥပဒေအရ အကာအကွယ် ပေးမယ်လို့ တရုတ် အာဏာပိုင် တွေက ပြောလိုက်ပါတယ်။

ဒါဟာ မသမာမှုတွေကို ဖော်ထုတ် ပေးသူတွေ အတွက် ဥပဒေကြောင်း အရ ပထမဆုံး အကာအကွယ် ဖြစ်တယ်လို့ တရုတ် ထိပ်တန်း တရားစီရင်ရေး အဖွဲ့အစည်းက ပြောပါတယ်။

တရုတ် ပြည်သူတွေ အနေနဲ့ အကျင့်ပျက်မှု တွေကို ဖော်ထုတ် ရာမှာ ပိုမို ပါဝင်လာ ကြဖို့လည်း တိုက်တွန်း လိုက်ပါတယ်။

အကျင့်ပျက် ခြစားမှုတွေကို နှိမ်နင်းရာမှာ ပြည်သူတွေ ပိုမို ပါဝင် လာနိုင်အောင် သတင်းပေးတွေ အသုံးပြုနိုင်တဲ့ ဝက်ဘ်ဆိုက် တစ်ခုကို မနှစ်တုန်းက အစိုးရက လွှင့်တင် ပေးထားခဲ့ပါတယ်။

ဒါပေမယ့် အကျင့်ပျက်တဲ့ အရာရှိတွေ အကြောင်း သတင်းပို့တဲ့ သူတွေဟာ တခါတရံမှာ ခြိမ်းခြောက် ခံရမှု၊ ဒါမှမဟုတ် အကြမ်းဖက် တိုက်ခိုက် ခံရမှုတွေနဲ့ ကြုံကြရတယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

တရုတ်ပြည်က အဂတိ လိုက်စားမှု အခြေအနေဟာ ကွန်မြူနစ် ပါတီရဲ့ ရပ်တည်မှုကိုပါ ထိခိုက် နိုင်လောက်အောင် အခြေအနေ ဆိုးနေပြီလို့ တရုတ် သမ္မတ ရှီကျင်းပင်က သတိပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ