အရှေ့ယူကရိန်း ရွေးကောက်ပွဲကို အသိအမှတ်မပြု

  • 28 အောက်တိုဘာ 2014
_john_kerry_304x171 ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

အခုလာမဲ့ တနင်္ဂနွေနေ့ မှာ ရုရှ ထောက်ခံတဲ့ သူပုန်တွေ ထိန်းချုပ် နယ်မြေ အရှေ့ယူကရိန်း မှာ ကျင်းပမဲ့ ရွေးကောက်ပွဲ ဟာ တရားမဝင် တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပြောတဲ့ သတင်း ကို ဘီဘီစီ သတင်းထောက် ဒီနာနယူးမင်း က ပေးပို့ လိုက်ပါတယ်။

ကနေဒါနိုင်ငံ မှာ ကျင်းပ တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကအခုလို စီစဉ်ခြင်းဟာ ရုရှ ရော၊ ခွဲထွက်ရေး သမားတွေ ပါ၊ မင့်စ်ခ် မြို့ မှာ ခံဝန် သဘောတူ လက်မှတ်ရေးထိုး ခဲ့တာကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်တာ ဖြစ်တဲ့ အတွက် အမေရိကန် ရော နိုင်ငံတကာ ဘက်ကပါ အသိအမှတ် ပြုမှာ မဟုတ် ဘူး လို ပြောတာပါ။

အခုလို စီစဉ်ခြင်းအားဖြင့် ပြီးခဲ့တဲ့ စက်တင်ဘာလ က အပစ်ရပ်ရေး သဘောတူညီချက် ကိုလည်း ခြိမ်းခြောက်ရာ ရောက်တယ် လို့ ယူကရိန်း သမ္မတ ပိုရိုရှန်ကို ကလည်း ပြောပါတယ်။ သူပုန်တွေ ဘက်က တွက်တာ ကတော့ သူ့နယ် သူ့ပယ် ရွေးကောက်ပွဲ က အနိုင်ရ ခဲ့ရင် တရားဝင်မှု ရှိတာနဲ့ အမျှ နောင် ကို ယူကရိန်းအစိုးရ နဲ့ ဆွေးနွေးတဲ့ အခါမှာပင်၊ တန်းတူ ရည်တူ အဆင့် ရောက်ပြီ ဆိုတဲ့ အချက်ပါဘဲ။

ယူကရိန်း အစိုးရ ကလည်း ပါလီမန် ရွေးကောက်ပွဲ ပြီးပြီ ဖြစ်တဲ့ အတွက် ညွန့်ပေါင်း အစိုးရ ဖွဲ့ဖွယ်ရှိပါတယ်။