ဆေးဝန်ထမ်း ထောင်နဲ့ချီ ကူညီကြဖို့ မေတ္တာရပ်ခံ

  • 28 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ကျန်းမာရေး ဝန်ထမ်း ထောင်ချီ လိုအပ်နေ

အနောက် အာဖရိကမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ အီဘိုလာ ကူးစက် ရောဂါကို ထိန်းချုပ် ကာကွယ်နိုင်ရေး အတွက် ထောင်နဲ့ချီတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို စေတနာ အလျောက် ပါဝင် ကူညီကြဖို့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက စိတ်ခံစားချက် အပြည့်နဲ့ မေတ္တာရပ်ခံ လိုက်ပါတယ်။

အီဘိုလာ ရောဂါကို ထိန်းချုပ် နိုင်ဖို့ ဆေးပညာရှင်နဲ့ ကျန်းမာရေး ဝန်ထမ်း အနည်းဆုံး အယောက် ၅၀၀၀ လိုအပ်နေတယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က ပြောပါတယ်။

ရောဂါ ကူးစက်ခံရမှာ ကြောက်ကြတဲ့ အတွက် အနောက် အာဖရိကကို သွားမယ့်သူ မရှိသလောက် ဖြစ်နေတယ် လို့လည်း သူက ပြောပါတယ်။

ခုချိန်အထိ အီဘိုလာ ရောဂါ ကူးစက် ခံရသူ အရေအတွက် ၁၀၀၀၀ ကျော် ရှိလာပြီး လူ ၅၀၀၀ နီးပါး သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ