ဘင်္ဂလားဒေ့ရှ် ထိပ်တန်း နိုင်ငံရေးသမား သေဒဏ်ကျ

  • 29 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption သေဒဏ် ချမှတ် ခံရတဲ့ ဝန်ကြီးဟောင် နီဇာမီ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အကြီးဆုံး အစ္စလာမ္မစ် ပါတီ ဖြစ်တဲ့ Jamaat-e-Islami ပါတီရဲ့ ခေါင်းဆောင် Motiur Rahman Nizami ကို လွတ်လပ်ရေး စစ်အတွင်းက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု တွေနဲ့ သေဒဏ် ချမှတ် လိုက်ပါတယ်။

ပါကစ္စတန် နိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ရယူခဲ့စဉ်က မစ္စတာ နီဇာမီဟာ ပါကစ္စတန် ဘက်ကနေ လက်နက်ကိုင် လှုပ်ရှားခဲ့ပြီး သူ့လူတွေက အစုအပြုံလိုက် သတ်ဖြတ်မှု၊ မတော်မတရား ပြုကျင့်မှုတွေ ရှိခဲ့ပါတယ်။

ဝန်ကြီးဟောင်း နီဇာမီကို လူမျိုးတုံး သတ်ဖြတ်မှု၊ လူသတ်မှု၊ ညှဉ်းပန်း နှိပ်စက်မှု နဲ့ အဓမ္မ ပြုကျင့်မှု စတဲ့ အမှု ၁၆ မှုနဲ့ စွဲဆိုခဲ့တာ ဖြစ်ပြီး ဒီ စီရင်ချက် မချခင် ဒါကာ မြို့တော်မှာ လုံခြုံရေးတွေ အထူး တင်းကျပ် ထားတယ် လို့ သိရပါတယ်။

မစ္စတာ နီဇာမီကို စွဲဆိုထားတဲ့ ၈ မှု အနက် ၄ မှုနဲ့ သေဒဏ် ပေးခဲ့တာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရ ရှေ့နေ Tureen Afroz က ပြောပါတယ်။

၉ လ ကြာမြင့်တဲ့ လွတ်လပ်ရေး စစ်အတွင်း သေဆုံးသူ ဘယ်လောက် ရှိ ခဲ့လဲ ဆိုတာ ကိန်းဂဏန်း ကွဲပြားမှုတွေ ရှိနေပြီး လူ ၃ သန်းလောက် သေဆုံးခဲ့တယ် လို့ ဘင်္ဂလားဒေ့ ရှ် အစိုးရက ခန့်မှန်း ထားပေမယ့် ဒါကို သက်သေ မပြနိုင်ဘူးလို့ ဆိုနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ