အစုရှယ်ယာ ဝယ်တဲ့ စီမံကိန်း အမေရိကန် အဆုံးသတ်

  • 30 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အစုရှယ်ယာ ဝယ်တဲ့ စီမံကိန်းကို အဆုံးသတ်နိုင်ဖို့ ဗဟိုဘဏ် အကြီးအကဲ Janet Yellen ကြိုးပမ်းနေခဲ့

အမေရိကန် ဗဟိုဘဏ် Federal Reserve က အစုရှယ်ယာတွေ ပြန်ဝယ်ယူတဲ့ စီမံကိန်းကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အမေရိကန် ဗဟိုဘဏ်က အသစ်ဖန်တီးထားတဲ့ ငွေတွေနဲ့ အစုရှယ်ယာတွေ ပြန်ဝယ်တဲ့ အဲဒီ စီမံကိန်းမှာ ဒေါ်လာ ၃ထရီလျံ ခွဲ သုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

ကမ္ဘာတဝှမ်း စီးပွားရေး အကြပ်အတည်း အမြင့်မားဆုံး ဖြစ်နေချိန် ၂၀၀၈ခုနှစ်တုန်းက အမေရိကန် စီးပွားရေး ပြန်နလံထူလာစေဖို့အတွက် အဲဒီ စီမံကိန်းကို စတင် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကို ထောက်ခံသူတွေက ဒီစီမံကိန်းဟာ စီးပွားရေး အကျဘက်ကို အလှည့်အပြောင်းဖြစ်နေချိန်မှာ ပိုဆိုးမသွားအောင် ကူညီ တားဆီးပေးနိုင်ခဲ့တယ်လို့ ယုံကြည်ကြကြောင်း ဘီဘီစီ စီးပွားရေး သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့်လည်း တခြားသူတွေကတော့ ဒီစီမံကိန်းရဲ့ ကုန်ကျငွေကြောင့် အနာဂတ် စီးပွားရေး အကြပ်အတည်းတခု ပေါ်ပေါက်လာစေနိုင်တယ်လို့ ဆိုပါတယ်။