ဘာကီနာဖာဆို သမ္မတ နှုတ်ထွက်ပြီ

  • 31 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ပါလီမန်ကို မီးရှို့တဲ့ အထိ အုံကြွ ဆန္ဒပြခဲ့ကြ

ဘကီနာဖာဆို နိုင်ငံမှာ ၂၇ နှစ်ကြာ အုပ်စိုးလာတဲ့ သမ္မတ Blaise Compaore ဟာ အာဏာ ဆက်တည်မြဲဖို့ သူ့ရဲ့ ကြိုးပမ်းမှုကို ဆန့်ကျင်တဲ့ အုံကြွ ဆန္ဒပြမှုတွေ ပေါ်ပေါက် လာပြီးနောက် အခုအခါ ရာထူးကနေ နှုတ်ထွက် လိုက်ပြီလို့ ကြေညာ လိုက်ပါတယ်။

ဒါကြောင့် အခု လစ်လပ်သွားတဲ့ သမ္မတ နေရာ အတွက် ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲ ခေါ်ယူဖို့ မစ္စတာ ဘလေ့စ် ကွန်ပိုရေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ဦးစီးချုပ် Honore Traore က လောလောဆယ် နိုင်ငံ အကြီးအကဲ နေရာကို သူ ယူလိုက်တယ်လို့ ပြောပါတယ်။

၂၇ နှစ်ကြာ အုပ်စိုးခဲ့တဲ့ သမ္မတ ဘလေ့စ် ကွန်ပိုရေ က အာဏာကို ဆက်ထိန်း ထားနိုင်ရေး အတွက် ဥပေဒ ပြင်ဆင်ဖို့ ကြိုးစားရာမှာ ကြာသပတေး နေ့တုန်းက ဆန္ဒပြ သမားတွေ အုံကြွ ခဲ့ကြပြီး ပါလီမန် အဆောက်အအုံကို မီးရှို့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ