ဘကီနာဖာဆို သမ္မတ ချက်ချင်း နှုတ်ထွက်ဖို့ ဆန္ဒပြ

  • 31 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ပါလီမန် အဆောက်အအုံ မီးရှို့ခံရ

ဘကီနာဖာဆို နိုင်ငံမှာ သမ္မတ Blaise Compaore ကို ရာထူး ကနေ ချက်ချင်း နှုတ်ထွက် ပေးဖို့ ရာနဲ့ချီတဲ့ အတိုက်အခံ ဆန္ဒပြသူတွေက မြို့တော် ဝါဂါဒူးဂူးမှာ စုရုံးပြီး တောင်းဆို ဆန္ဒပြ နေကြပါတယ်။

အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေကို ဝင်ရောက် နေရာယူ ကြဖို့လည်း ဆန္ဒပြ သမားတွေကို အတိုက်အခံ ခေါင်းဆောင် Zephirin Diabre က ကြေညာချက် ထုတ်ပြန်ပြီး လှုံ့ဆော်လိုက်ပါတယ်။

၂၇ နှစ်ကြာ အုပ်စိုးခဲ့တဲ့ သမ္မတ ဘလေ့စ် ကွန်ပိုရေ က အာဏာကို ဆက်ထိန်း ထားနိုင်ရေး အတွက် ဥပေဒ ပြင်ဆင်ဖို့ ကြိုးစားရာမှာ ကြာသပတေး နေ့တုန်းက ဆန္ဒပြ သမားတွေ အုံကြွ ခဲ့ကြပြီး ပါလီမန် အဆောက်အအုံကို မီးရှို့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။

အခုတော့ အစိုးရကို ဖျက်သိမ်းလိုက်ပြီး အသွင်ပြောင်း အစိုးရကို ဖွဲ့စည်း လိုက်ပေမယ့် သမ္မတ Blaise Compaore ကပဲ အစိုးရသစ်ကို ၂၀၁၅ အထိ ဆက် ဦးဆောင်မယ်လို့ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ