ယူကရိန်းကို ဓာတ်ငွေ့ တင်ပို့ဖို့ ရုရှား သဘောတူ

  • 31 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘရပ်ဆဲလ်မြို့က အခမ်းအနားမှာ ရုရှားနဲ့ ယူကရိန်း လက်မှတ်ထိုး

ဥရောပ သမဂ္ဂ အီးယူရဲ့ ကြားဝင် ဆောင်ရွက် ပေးမှုနဲ့ အခု ဆောင်းရာသီမှာ ယူကရိန်းကို ဓာတ်ငွေ့ တင်ပိုဖို့ အတွက် ရုရှားက သဘောတူ လိုက်ပါတယ်။

ရုရှားနဲ့ ယူကရိန်း နိုင်ငံတို့က စွမ်းအင် ဝန်ကြီးတွေဟာ ဘရပ်ဆဲလ် မြို့မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

သဘောတူချက် အရ ယူကရိန်း အနေနဲ့ ရုရှားကို ပေးရမယ့် ဒေါ်လာ ဘီလျံနဲ့ချီတဲ့ အကြွေးတွေကို စာရင်း ရှင်းပေးမှာ ဖြစ်ပြီး ရုရှားကလည်း ဓာတ်ငွေ့ကို လျှော့စျေးနဲ့ ရောင်းပေးမှာ ဖြစ်ပါတယ်။

ဒီအတွက် ယူကရိန်း ကနေ တဆင့် အီးယူ နိုင်ငံတွေဆီ ဓာတ်ငွေ့ တင်ပို့မှုတွေ အတွက်လည်း စိတ်ချသွားရပြီ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ဂျာမနီ တို့ကလည်း ဒီသဘော တူညီချက်ကို ထောက်ခံကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ