ဗာဂျင်းဂလဲတစ် အာကာသယာဉ် စမ်းသပ် မောင်းနှင်စဉ် ပျက်ကျ

  • 31 အောက်တိုဘာ 2014
virgin_galactic_ ဓာတ်ပုံ မူပိုင် PA
Image caption ဗားဂျင်း စီးပွားရေး အုပ်စုက အာကာသ ခရီးသွား လုပ်ငန်း ဝန်ဆောင်မှု ပေးဖို့ ကြိုးစားနေကြတာပါ။

Virgin Galactic လို့ ခေါ်တဲ့ အာကာသယာဉ်ဟာ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် သဲကန္တရထဲမှာ အစမ်း ပျံသန်းမှု ပြုလုပ်စဉ် ပျက်ကျ သွားပါတယ်။

အခုလို ပျက်ကျ ခဲ့ရတဲ့ အတွက် အာကာသ ယာဉ်မှုး တစ်ယောက် သေဆုံးပြီး နောက်တစ်ဦးလည်း အပြင်းအထန် ဒဏ်ရာ ရသွားပါတယ်။

အာကာသထဲကို ခရီးသွား လိုတဲ့ သူတွေ ဆီက အခကြေးငွေ ယူပြီး ပို့ဆောင်ပေးမယ့် အာကာသ ခရီးသွား လုပ်ငန်း လုပ်ဆောင်ဖို့၊ ဒီ Virgin Galactic ကို ဗြိတိသျှ စီးပွားရေး လုပ်ငန်း ဖြစ်တဲ့ Virgin အုပ်စုက တည်ဆောက် ထားတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ထဲမှာ လုပ်ငန်း စတင်နိုင်ဖို့ အခုလို စမ်းသပ် ပျံသန်းမှုတွေ လုပ်ဆောင် နေကြ တာပါ။

အာကာသ ခရီး ထွက်လိုကြ တဲ့ ရာနဲ့ချီတဲ့ သူတွေ ကြိုတင် လက်မှတ် ယူထားကြပြီးလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ