စစ်​တပ်​က အာဏာ​ယူ​တာ​ကို ဘာ​ကီ​နာ ဖာ​ဆို အတိုက်​အခံ​တွေ လက်မခံ

  • 1 နိုဝင်ဘာ 2014
_burkina_faso_ ဓာတ်ပုံ မူပိုင် Getty
Image caption ဘာကီနာ ဖာဆို ယာယီအစိုးရကို ဗိုလ်မှုးကြီး ဇီးဒါး ဦးဆောင်မယ်လို့ စစ်တပ်က ပြော။

အနောက် အာဖရိက ဒေသမှာ ရှိတဲ့ ကုန်းတွင်းပိတ် နိုင်ငံ ဘာကီနာ ဖာဆို မှာ တိုင်းပြည် အာဏာ ကို စစ်တပ်က လွှဲပြောင်း ယူလိုက်တဲ့ အပေါ် အတိုက်အခံ တွေက လက်မခံကြောင်း နဲ့ ဒီနေ့ တနင်္ဂနွေ နိုဝင်ဘာ ၂ ရက်နေ့ မှာလည်း လမ်းပေါ်ထွက် ဆန္ဒပြမှု တွေ လုပ်သွားမယ် ဆိုပြီး ပြောလိုက်ပါ တယ်။

အာဏာကို ၂၇ နှစ် ရယူထားခဲ့တဲ့ သမ္မတ ကွန်မ်ပါအိုရေး နှုတ်ထွက်သွားအောင် လူထုက ဆန္ဒပြ ခဲ့ကြတဲ့ အောင်မြင်မှု ဟာ စစ်တပ်က ကြားထဲက အာဏာယူဖို့ မဟုတ်ဘူး ဆိုပြီး တော့လည်း အတိုက်အခံ တွေက ဆိုပါတယ်။

ဘာကီနာ ဖာဆိုမှာ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ဖို့ အရပ်သား ဦးဆောင်တဲ့ ယာယီ အစိုးရတစ်ရပ် ထူထောင်ကြ ဖို့ အာဖရိက နိုင်ငံများ သမဂ္ဂက တိုက်တွန်း လိုက်ပါတယ်။

ဘာကီနာ ဖာဆို ရဲ့ ယာယီ အစိုးရ ကို ဒုတိယ ဗိုလ်မှုးကြီး အိုင်းဇက် ဇီးဒါ ဦးဆောင်မယ် ဆိုပြီး စစ်တပ် က ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ