ပုဂ္ဂလိက အာကာသ ခရီးသွား လုပ်​ငန်း ရှေ့​ဆက်​ဖို့ တွန်း​အား​မ​ပေး​ဘူး​လို့ ဗား​ဂျင်း သူဌေး ပြော

  • 1 နိုဝင်ဘာ 2014
spaceship ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဗာဂျင်း ပိုင် အာကာသယာဉ် ဘာလို့ ပျက်ကျခဲ့ရ သလဲ ဆိုတာ စတင် စုံစမ်း နေကြပြီ။

Virgin လုပ်ငန်း အုပ်စုကို တည်ထောင်သူ ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင် Sir Richard Branson က ခရီးသည်တွေကို အာကာသထဲ ခေါ်သွားမယ့် အစီအစဉ်တွေ အပေါ် သူ့ အနေနဲ့ အတင်း ရှေ့ဆက်ဖို့ တွန်းအားပေး မှာ မဟုတ်ဘူး လို့ ဆိုလာပါ တယ်။

ပုဂ္ဂလိက အာကာသ ခရီးသွား လုပ်ငန်း ဆောင်ရွက်ဖို့ ပြင်ဆင်နေ တဲ့ Virgin Galactic ရဲ့ အာကာသ ယာဉ်ဟာ အမေရိကန် ကယ်လီဖိုးနီးယား ပြည်နယ်မှာ စမ်းသပ် မောင်းနှင်စဉ် ပျက်ကျ ခဲ့တဲ့နောက် Sir Richard က အခုလို ပြောလာတာ ဖြစ်ပါတယ်။

အာကာသ ယာဉ် ပျက်ကျခဲ့ လို့ လေယာဉ်မှုး တစ်ဦး သေဆုံးပြီး ကျန်တစ်ဦး လည်း ဒဏ်ရာ ပြင်းထန် ခဲ့ပါတယ်။

အခုလို ပျက်ကျ ခဲ့မှူ မှာ ဘာတွေ ချို့ယွင်းချက်တွေ ရှိခဲ့လို့လဲ ဆိုတာကို အဖြေထုတ် နိုင်ဖို့ ကြိုးစား သွားမယ် ဆိုပြီးတော့ လည်း Sir Richard က ပြောပါတယ်။

မိုဟာဗီ သဲကန္တာရထဲ က အာကာသယာဉ် ပျက်ကျခဲ့ရာ နေရာမှာတော့ အမေရိကန် ဗဟို အစိုးရရဲ့ အရာရှိတွေက စုံစမ်းမှု တွေ စတင် လုပ်ဆောင် နေကြပြီ ဖြစ်ပါတယ်။

ပျက်ကျခဲ့တဲ့ ယာဉ်မှာ မော်တာ စက် အမျိုးအစား အသစ် တပ်ဆင် ထားသလို၊ လောင်စာဆီ အမျိုးစား အသစ်လည်း သုံးစွဲခဲ့ကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ