အလောင်းဝယ်တဲ့ တရုတ် အရာရှိ ၂ ဦးကို ဖမ်းဆီး

  • 3 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အလောင်းတွေ မပျက်မစီး မြှုပ်နှံရင် နောင်ဘဝ အေးချမ်းမယ်လို့ တရုတ်တွေ ယုံကြည်ကြ

တရုတ် နိုင်ငံမှာ အစိုးရက သတ်မှတ် ထားတဲ့ မီးသင်္ဂြိုလ် ရမယ့် အလောင်း အရေအတွက်ကို ပြည့်မီအောင် သင်္ချိုင်း ဖောက်သူတွေ ဆီက အလောင်းတွေ လိုက်ဝယ်တဲ့ ဂွန်ဒေါင်း ပြည်နယ်က အရာရှိ ၂ ယောက်ကို ဖမ်းဆီး လိုက်ပါတယ်။

သူတို့ဟာ အစိုးရက သတ်မှတ် ထားတဲ့ မီးသင်္ဂြိုလ် ရမယ့် လစဉ် အရေအတွက်ကို ပြည့်မီအောင် အလောင်း တစ်လောင်းကို အမေရိကန် ဒေါ်လာ ၅၀၀ နီးပါး ပေးပြီး တစ်ဒါဇင်လောက် ဝယ်ခဲ့တယ်လို့ ပြောပါတယ်။

တရုတ်တို့ရဲ့ ဓလေ့ ထုံးစံအရ ဆွေးမျိုးတွေ သေဆုံးတဲ့အခါ နောင်လူတွေက ဂါရဝ ပြုနိုင်ဖို့အတွက် မီးသင်္ဂြိုလ်မယ့် အစား ဂူသွင်း မြှုပ်နှံ လိုကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ် အစိုးရကတော့ မြေနေရာကို ထိန်းသိမ်း ဖို့အတွက် အလောင်းတွေကို မီးသင်္ဂြိုလ်ဖို့ တိုက်တွန်း နေခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံမှာ ကွယ်လွန်သူ ဘိုးဘေးတွေကို ရှိခိုးတဲ့ ဓလေ့က အချိန် အတော်ကြာ ရှိနေခဲ့တာ ဖြစ်ပြီး အလောင်းတွေ မပျက်မစီး ရှိနေမယ် ဆိုရင် နောင်ဘဝမှာ အေးချမ်းမယ်လို့ အယူအဆ ရှိကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ