ပါကစ္စတန်နဲ့ အိန္ဒိယ အလံတင် အလံချ ပုံမှန် ဆက်လုပ်

  • 3 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဗုံးခွဲမှုကြောင့် လူ ၅၅ ယောက် သေဆုံးခဲ့

ပါကစ္စတန် နဲ့ အိန္ဒိယ နယ်စပ် မှာ နေ့စဉ် အလံတင် အလံချ အခမ်း အနားကို ပုံမှန် အတိုင်း ဆက်လုပ် နေပါတယ်။

တနင်္ဂနွေနေ့က နှစ်နိုင်ငံ နယ်စပ် ပါကစ္စတန် ဘက်ခြမ်းက ဝါဂါ ဂိတ်မှာ အလံချ အခမ်းအနား ပြီးကာစ အချိန် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးတဲ့နောက် ဒီအခမ်းအနားကို ဆိုင်းငံ့ ထားမယ်လို့ စောစောပိုင်းက ပြောခဲ့ကြပေမယ့် အခု ဆက်လုပ်ဖို့ ဆုံးဖြတ် လိုက်ကြတာပါ။

အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူပေါင်း ၅၅ ယောက် သေဆုံးခဲ့ပါတယ်။

သေဆုံးသူ တွေရဲ့ အသုဘ အခမ်း အနားတွေကို ပန်ဂျပ် ပြည်နယ် အရှေပိုင်း တခွင်မှာ ကျင်းပ ခဲ့ကြပါတယ်။

လူနည်းစု ရှီးယား မွတ်ဆလင်တွေရဲ့ Ashura ပွဲတော် ကျင်းပချိန် ဖြစ်လို့ လောလောဆယ် ပါကစ္စတန်က မြို့ကြီးတွေမှာ လုံခြုံရေးတွေ တင်းကျပ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ