ရွှေ့ပြောင်းလာသူတွေရဲ့ လှေ နစ်မြုပ် ၂၄ ဦးသေ

  • 3 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption နစ်မြုပ်သွားတဲ့ စက်လှေကို ဆယ်ယူစဉ်။

တူရကီနိုင်ငံ အီစတန်ဘူလ် မြို့ အနီးက ပင်လယ်နက် ထဲမှာ ရွှေ့ပြောင်း ဝင်ရောက် သူတွေကို တင်ဆောင်လာတဲ့ စက်လှေ တစ်စီး နစ်မြုပ်ခဲ့တဲ့ အတွက် လူ ၂၄ ယောက် ထက် မနည်း သေဆုံးခဲ့ပါတယ်။

ပျောက်ဆုံး နေသူတွေကိုလည်း ကယ်ဆယ်ရေး သင်္ဘောတွေနဲ့ ရဟတ်ယာဉ် တွေက ရှာဖွေနေပါတယ်။

ကလေးတွေ အများစု ပါဝင်တဲ့ ရွှေ့ပြောင်း လာသူ ၄၀ လောက် လိုက်ပါလာတဲ့ စက်လှေဟာ Bosphorus ရေလက်ကြား အနီးမှာ တနင်္လာနေ့ မနက် စောစောပိုင်းက နစ်မြုပ် သွားခဲ့တာလို့ ယူဆရပါတယ်။

သူတို့ထဲက အချို့ဟာ ဆီးရီးယားက လာကြတာလို့ သတင်းတွေ ထွက်နေပေမယ့် ဘယ်နိုင်ငံသားတွေ ဆိုတာကို အတည်မပြု နိုင်သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ