Virgin Galactic ရဲ့ အရှိန်လျှော့ စနစ် စောပြီး ပွင့်ခဲ့

  • 3 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ဆီတိုင်ကီနဲ့ အင်ဂျင်စက်ကြောင့် ပျက်ကျတာ မဟုတ်ဟုဆို

သောကြာနေ့က စမ်းသပ် မောင်းနှင်စဉ် ပျက်ကျခဲ့တဲ့ Virgin Galactic ရဲ့ အာကာသ ယာဉ်မှာ အရှိန်လျှော့တဲ့ စနစ် စောစော စီးစီး အသက်ဝင် လာခဲ့တယ်လို့ အမေရိကန် စုံစမ်း စစ်ဆေးသူ တွေက ပြောပါတယ်။

ယာဉ် ဆင်းသက်ချိန်မှာ အရှိန်လျှော့ဖို့ သုံးတဲ့ စနစ်ဟာ အာကာသ ယာဉ်မှူးတွေက မခိုင်းဘဲ သူ့အလိုလို လုပ်ဆောင် ခဲ့တယ်လို့ လေကြောင်း လုံခြုံရေး အကြီးအကဲ Christopher Hart က ပြောပါတယ်။

ဒါပေမယ့် ယာဉ်ပျက်ကျရတဲ့ အဓိက အကြောင်းရင်းကို အတည်ပြုဖို့တော့ အချိန် စောသေးတယ်လို့ သူက ပြောပါတယ်။

ပုဂ္ဂလိက အာကာသ ခရီးသွား လုပ်ငန်း ဆောင်ရွက်ဖို့ ပြင်ဆင်နေတဲ့ Virgin Galactic ရဲ့ အာကာသ ယာဉ်ဟာ သောကြာနေ့က အမေရိကန် ကယ်လီဖိုးနီးယား ပြည်နယ်မှာ စမ်းသပ် မောင်းနှင်စဉ် ပေါက်ကွဲ ပျက်ကျခဲ့လို့ လေယာဉ်မှုး တစ်ဦး သေဆုံးပြီး၊ ကျန် တစ်ဦးလည်း ဒဏ်ရာ ပြင်းထန် ခဲ့ပါတယ်။

သတင်း မီဒီယာတွေကတော့ အာကာယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး အင်ဂျင်စက်နဲ့ ဆီတိုင်ကီ တွေကို ဇောင်းပေး ဖော်ပြ ခဲ့ကြပေမယ့် အဲဒါ မဟုတ်မှန်ကြောင်း မစ္စတာ Hart က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ