နိုင်ငံ မဲ့နေသူတွေ အတွက် လှုပ်ရှားမှု UNHCR စတင်

  • 4 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုက္ခသည် စခန်းမှ နိုင်ငံမဲ့ ကလေးငယ် တစ်ဦး

ဘယ်နိုင်ငံသား အဖြစ်မှ အသိအမှတ်ပြု မခံရတဲ့၊ ဘယ်နိုင်ငံကူး လက်မှတ်မှ မရှိတဲ့ နိုင်ငံမဲ့ ဖြစ်နေသူတွေရဲ့ အခြေအနေတွေကို ၁၀ စုနှစ် တစ်ခုအတွင်း အဆုံးသတ် နိုင်အောင် ကြိုးစားမယ့် လှုပ်ရှားမှု တရပ်ကို ကုသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ဒီကနေ့ စတင် လိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက် အရ ကမ္ဘာတဝန်းမှာ နိုင်ငံမဲ့ ဖြစ်နေတဲ့ လူ ၁၀ သန်း ထက် မနည်း ရှိနေပြီး သူတို့ဟာ ဆေးဝါး ကုသနိုင်ခွင့်၊ ပညာ သင်ကြားခွင့် နဲ့ နိုင်ငံရေး အခွင့်အရေးတွေ တစုံတရာ မရဘဲ ရှိနေကြတယ်လို့ ဆိုပါတယ်။

နိုင်ငံမဲ့ ဖြစ်နေသူတွေ ထဲမှာ အများအပြားက ဒုက္ခသည် စခန်းတွေထဲမှာ မွေးဖွားခဲ့သူတွေနဲ့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ယုံကြည်ချက် တွေကြောင့် မတရား ပြုမူ ဆက်ဆံ ခံနေရတဲ့ မျိုးနွယ်စုတွေက လူတွေ ဖြစ်ပါတယ်။

သူတို့ရဲ့ နိုင်ငံ ပိုင်နက်ထဲမှာ မွေးဖွားတဲ့ နိုင်ငံမဲ့ ကလေးတွေကို နိုင်ငံသား အဖြစ် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Antonio Guterres က အစိုးရတွေကို တိုက်တွန်း လိုက်ပြီး ခွဲခြား ဆက်ဆံမှု နည်းလာတဲ့ နိုင်ငံတွေ အရင်ကထက် ပိုများလာပြီလို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံမဲ့ အများဆုံး ရှိနေပြီး နိုင်ငံသားအဖြစ် သတ်မှတ် မခံရတဲ့ ရိုဟင်ဂျာ တစ်သန်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ