ထိုင်းစစ်တပ်က သေနတ် ၃၀၀၀ တောင်ပိုင်းကို ပေး

  • 4 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်း တောင်ပိုင်းက ပတ္တနီ ပြည်နယ်မှာ အစိုးရရုံး မီးရှို့ခံရစဉ်။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ သူပုန်တွေ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ် နိုင်ဖို့ ရိုင်ဖယ် သေနတ် ၃ ထောင် နီးပါးကို စေတနာ့ ဝန်ထမ်း တွေဆီကို လွှဲပြောင်း ပေးလိုက်တယ်လို့ ထိုင်း စစ်တပ်က ပြောပါတယ်။

ဒီလို သေနတ်တွေ လွှဲပြောင်း ပေးခဲ့တာဟာ ထိုင်း တောင်ပိုင်းက ပဋိပက္ခ တွေကို ပိုမို ဆိုးရွား စေနိုင်တယ်လို့ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့တွေက ဝေဖန် ခဲ့ကြပါတယ်။

မွတ်ဆလင်တွေ အဓိက နေထိုင်ရာ ထိုင်း တောင်ပိုင်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် လိုလားတဲ့ သူပုန်တွေနဲ့ ထိုင်း အစိုးရတို့ အကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခ တွေကြောင့် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း သေဆုံးသူ ၆ ထောင်ကျော် ရှိခဲ့ပါတယ်။

ဒီ ပဋိပက္ခတွေကို တစ်နှစ်အတွင်း ဖြေရှင်းသွားမယ်လို့ ထိုင်း စစ်အစိုးရက ကတိပြု ထားခဲ့ပြီးနောက်မှာ ခုလို သေနတ်တွေ လွှဲပြောင်းပေးမှု ပေါ်ပေါက် လာတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ