ကန် အစိုးရ သက်တမ်းဝက် ရွေးကောက်ပွဲ စတင်

  • 4 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ဗာဂျီးနီးယား ပြည်နယ်မှာ မနက် အစောကြီး မဲပေးဖို့ တန်းစီနေသူ အချို့

အမေရိကန် ပြည်ထောင်စုမှာ အစိုးရ သက်တမ်းဝက် ကွန်ဂရက် ရွေးကောက်ပွဲတွေ အတွက် မဲပေးနေကြပါပြီ။

ဒီရွေးကောက်ပွဲ ရလဒ်ဟာ အမေရိကန် အစိုးရ အတွင်း အာဏာ ဟန်ချက်ကို အပြောင်းအလဲ ဖြစ်ကောင်း ဖြစ်စေနိုင်တယ်လို့ ယူဆကြပါတယ်။

အခု ရွေးကောက်ပွဲမှာ ဆီးနိတ် လွှတ်တော် အမတ် ဦးရေ ၁၀၀ ထဲက အမတ်နေရာ ၃ ပုံ ၁ ပုံကျော်ကို ရွေးကောက်မှာ ဖြစ်ပြီး ရီပက်ဘလီကန် ပါတီကတော့ အမတ်နေရာ ၆ နေရာ ရရုံနဲ့ ဆီးနိတ် လွှတ်တော်ကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

အောက်လွှတ်တော် မှာတော့ အမတ်နေရာ အားလုံးဖြစ်တဲ့ ၄၃၅ နေရာအတွက် ပြန်လည် ရွေးကောက်မှာ ဖြစ်ပြီး စစ်တမ်း ကောက်ယူမှုတွေ အရ အောက်လွှတ်တော် ကိုလည်း ရီပက်ဘလီကန် ပါတီကသာ ဆက်လက် ထိန်းချုပ် သွားဖို့ ရှိနေပါတယ်။

အခုလို လွှတ်တော် ၂ ရပ်စလုံးကို ရီပက်ဘလီကန် ပါတီကသာ လွှမ်းမိုးနိုင်ဖို့ အလားအလာ များနေတာဟာ ဒီမိုကရက် သမ္မတ အိုဘားမားရဲ့ ရေပန်းစားမှု လျော့နည်း လာတာကြောင့် ဖြစ်တယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ