အီဘိုလာ လူနာ စပိန် သူနာပြု ဆေးရုံက ဆင်းနိုင်ပြီ

  • 5 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption အာဖရိက အပြင်ဘက်မှာ ပထမဆုံး အီဘိုလာ ကူးစက် ခံခဲ့ရသူ Teresa Romero (အလယ်)

အာဖရိက အပြင်ဘက်မှာ ပထမဆုံး အီဘိုလာ ကူးစက် ခံခဲ့ရသူ ဖြစ်တဲ့ စပိန် သူနာပြုဟာ အခုတော့ ရောဂါ ပျောက်ကင်းပြီး မက်ဒရစ်မြို့ ဆေးရုံကနေ ဆင်းသွားပြီလို့ သိရပါတယ်။

သူနာပြု Teresa Romero ဟာ အနောက် အာဖရိက ကနေ အီဘိုလာ ကူးစက် ခံလာရတဲ့ သာသနာပြု ၂ ယောက်ကို ပြုစု ပေးခဲ့သူ ဖြစ်ပြီး အဲဒီ သာသနာပြု ၂ဦး ကတော့ သေဆုံး ခဲ့ရပါတယ်။

Teresa Romero အနေနဲ့ အီဘိုလာနဲ့ ပတ်သက်ပြီး အန္တရာယ် မရှိတော့လို့ ပုံမှန် ဘဝကို ပြန်သွားနိုင်ပြီ ဖြစ်ကြောင်း သူမ တက်ရောက် ကုသနေတဲ့ Carlos III ဆေးရုံရဲ့ ကူးစက်ရောဂါ ဌာန အကြီးအကဲ Jose Ramon Arribas က ပြောပါတယ်။

ပုံမှန် ဘဝမှာ ပြန်နေနိုင်တော့မှာ ဖြစ်ပေမယ့် အပြည့်အဝ နာလန်ထဖို့တော့ အချိန် ယူရဦးမယ်လို့ သူမရဲ့ လုပ်ဖော်ကိုင်ဖက် သူနာပြု တစ်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ