ယူကရိန်း အရှေ့နဲ့တောင်ကို အစိုးတပ်တွေ လွှတ်မယ်

  • 5 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption သူပုန်တွေ ထိုးစစ်ဆင်လာမှာကို ကာကွယ်တဲ့ အနေနဲ့ တပ်တွေ စေလွှတ်တာလို့ ယူကရိန်း သမ္မတ ပြော

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ရုရှား လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေက ထိုးစစ်ဆင် တိုက်ခိုက် လာဘွယ် ရှိတာမို့ တန်ပြန် ကာကွယ်တဲ့ အနေနဲ့ စစ်တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ အမိန့်ပေးထားကြောင်း ယူကရိန်း သမ္မတ ပက်ထရို ပိုရို ရှန်ကို က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

လွတ်လပ်တဲ့ နယ်မြေတွေအဖြစ် ကိုယ့်သဘောနဲ့ ကိုယ် ကြေညာထားတဲ့ ဒိုညက်စ်ခ်နဲ့ လူဟဲန်စ်ခ် မြို့တွေမှာ ခွဲထွက်ရေး သူပုန်တွေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲတွေ ကျင်းပခဲ့အပြီးမှာ သမ္မတ ပက်ထရို ပိုရို ရှဲန်ကိုက အခုလို တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ ညွှန်ကြားလိုက်တာပါ။

ယူကရိန်း အစိုးရနဲ့ အနောက်အုပ်စု နိုင်ငံတွေက ဒီ ရွေးကောက်ပွဲတွေဟာ တရား မဝင်ဘူး ဆိုပြီး ကန့်ကွက် ရှုတ်ချ ထားပေမယ့် ရုရှား အစိုးရကတော့ ထောက်ခံ ခဲ့ပါတယ်။

အဲဒီ နေရာ နှစ်ခုအတွက် အထူး အခွင့်အရေး ပေးထားတဲ့ ဥပဒေကို ပါလီမန်အနေနဲ့ ပြန်ရုတ်သိမ်းပေးဖို့ သမ္မတ ပိုရို ရှန်ကိုက လိုလားနေပါတယ်။