သက်တမ်းဝက် ရွေးကောက်ပွဲ ရီပက်ဘလီကန် အနိုင်ရ

  • 5 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးနိတ်မှာ အများစု ဖြစ်လာတဲ့ ရီပက်ဘလီကန် ခေါင်းဆောင် Mitch McConnell

သမ္မတ သက်တမ်း တစ်ဝက်မှာ ပြုလုပ်တဲ့ အမေရိကန် လွှတ်တော် ရွေးကောက်ပွဲ တွေမှာ ရီပက်ဘလီကန် ပါတီက အထက် လွှတ်တော် ဆီးနိတ်မှာ ၇ နေရာ အနိုင်ရပြီး အများစု ဖြစ်လာလို့ လွှတ်တော် ၂ရပ်လုံးကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ပါတယ်။

အောက်လွှတ်တော် မှာလည်း ရီပက်ဘလီကန် ပါတီ ကပဲ အများစု အနိုင်ရလို့ လွန်ခဲ့တဲ့ နှစ် ၆၀ က ရခဲ့တဲ့ ရီပက်ဘလီကန် ပါတီရဲ့ အခြေအနေ မျိုးကို နီးကပ် လာပါတယ်။

သမ္မတ အိုဘားမားရဲ့ ဒီမိုကရက် ပါတီက အကြီးအကျယ် ရှုံးနိမ့်ခဲ့တဲ့ အတွက် ရှေ့ဘယ်လို ခရီးဆက် ကြမယ် ဆိုတာ ဆွေးနွေးဖို့ လွှတ်တော် ၂ရပ် ခေါင်းဆောင် တွေကို သမ္မတက အိမ်ဖြူတော်ကို ဖိတ်ကြား လိုက်ပါတယ်။

အခုအခါ သမ္မတ အိုဘားမားရဲ့ ကျန်တဲ့ သက်တမ်း ၂နှစ် အတွက် ရည်မှန်းချက် တွေကို ရီပက်ဘလီကန် ပါတီက ပုံဖော် နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ