ဘယ်လ်ဂျီယံမှာ ဆန္ဒပြသူတွေနဲ့ ရဲ အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်

  • 6 နိုဝင်ဘာ 2014
_brussels_protest_ ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရ ဘတ်ဂျက် ဖြတ်တောက်မှု အပေါ် ဆန္ဒပြကြသူတွေနဲ့ ဘယ်လ်ဂျီယံ အာဏာပိုင်တွေ အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်။

ဘယ်လ်ဂျီယမ် အာဏာပိုင်တွေရဲ့ အစိုးရ ဘတ်ဂျက် လိုငွေပြမှုကို လျှော့ချဖို့ အတွက် ကြိုးစားလာတဲ့ မူဝါဒတွေ အပေါ် ဆန္ဒပြကြသူတွေဟာ မြို့တော် ဘရပ်ဆဲလ် မှာ အဓိကရုဏ်း ဖြိုခွဲရေး ရဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ ကြပါတယ်။

ဆန္ဒပြသူတွေက ကားတွေကို မီးတင်ရှို့တာမျိုး၊ ကျောက်ခဲတွေ နဲ့ ပစ်ပေါက်တာမျိုး ပြုလုပ်ခဲ့ ကြ သလို၊ ရဲတွေကလည်း မျက်ရည်ယို ဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီး ဖြိုခွင်းခဲ့ကြ ပါတယ်။

လူပေါင်း ၁ သိန်းလောက်ရဲ့ ချီတက် လှည့်လည် ဆန္ဒပြမှု အပြီး အခုလို အကြမ်းဖက် ဖြစ်ရပ်တွေ ပေါ်ပေါက် လာခဲ့တာပါ။

အစိုးရက ပင်စင်ယူနိုင်တဲ့ အသက်အရွယ်ကို တိုးမြှင့်တာ၊ လစာငွေတွေ ကို ဆိုင်းငံ့တာ နဲ့ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်း တချို့ကို ဖြတ်တောက် တာတွေ လုပ်လာတဲ့ အပေါ် လူတွေက ဆန္ဒပြ လာခဲ့ကြတာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ် ရဲ့ လက်ရှိ ညွန့်ပေါင်း အစိုးရကတော့ အစိုးရ ဘတ်ဂျက် လိုငွေပြမှုကို လျှော့ချနိုင်ဖို့နဲ့ ဥရောပ သမဂ္ဂရဲ့ စံချိန်စံညွှန်း လမ်းညွှန်ချက်တွေ အတိုင်း လိုက်နာနိုင်ဖို့ အခုလို မူဝါဒပိုင်း ဆိုင်ရာ အပြောင်းအလဲ တွေ လုပ်ဖို့ လိုအပ်တယ် ဆိုပြီး ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ