တရုတ် သမ္မတ ခရီးစဉ်နဲ့ ဆင်စွယ်တွေ ခိုးထုတ်ခဲ့ဟု ဆို

  • 6 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဟောင်ကောင်မှာ သိမ်းဆည်းမိတဲ့ ဆင်စွယ်နဲ့ ဆက်စပ် ပစ္စည်းတွေ

၂၀၁၃ ခုနှစ်က တန်ဇနီးယား နိုင်ငံကို သွားရောက်ခဲ့တဲ့ တရုတ် သမ္မတ ရှီကျင်းပင်ရဲ့ တရားဝင် ခရီးစဉ်ကို အသုံးချပြီး တရုတ် စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ အစိုးရ အရာရှိတွေက တန်ဇနီးယား နိုင်ငံကနေ ဆင်စွယ်တွေ မှောင်ခို ထုတ်သွား ခဲ့ကြတယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့တဖွဲ့က စွပ်စွဲ ပြောကြား လိုက်ပါတယ်။

သမ္မတ ရှီကျင်းပင် စီးနင်းတဲ့ လေယာဉ်ပေါ်မှာ ဆင်စွယ် ကီလို ထောင်ပေါင်း များစွာကို သံတမန်တွေရဲ့ အိတ်တွေထဲမှာ ဖွက်ပြီး တန်ဇနီးယား နိုင်ငံထဲကနေ ခိုးထုတ် သွားကြတယ်လို့ လန်ဒန် အခြေစိုက် EIA ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာ စုံစမ်းရေး အေဂျင်စီက ပြောပါတယ်။

ဘေဂျင်းမှာ ရှိတဲ့ တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ကတော့ ဒီစွပ်စွဲချက် အပေါ် တရုတ် အစိုးရ အနေနဲ့ မကျေနပ်ကြောင်းနဲ့ ဒါဟာ လွဲမှားတဲ့ စွပ်စွဲချက် ဖြစ်ကြောင်း တုန့်ပြန် ပြောဆို လိုက်ပါတယ်။

ဆင်တွေ သတ်ဖြတ် ခံနေရမှုကို တားဆီးဖို့ အတွက် ဆင်စွယ် ရောင်းဝယ်မှု အားလုံး နီးပါးလောက်ကို ၁၉၈၉ ခုနှစ်က စလို့ တားမြစ် ပိတ်ပင် ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ