တရုတ်နဲ့ ဂျပန် အငြင်းပွား ကျွန်းစု အရေး ဆွေးနွေးမယ်

  • 7 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်က ကျွန်းစုတွေ

တရုတ်နဲ့ ဂျပန် အကြား သူပိုင် ကိုယ်ပိုင် အငြင်းပွား နေတဲ့ အရှေ့ တရုတ် ပင်လယ်ပြင်က ကျွန်းစုတွေနဲ့ ပတ်သက်လို့ ဆက်ဆံရေးတွေ တင်းမာ ခဲ့ပြီးနောက် အခုအခါ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စဖို့ နှစ်ဘက် သဘောတူလိုက် ကြပါတယ်။

အခုလို သံတမန်ရေး ညှိနှိုင်း အောင်မြင်ခဲ့မှုကြောင့် လာမယ့် သီတင်းပတ် ဘေဂျင်းမှာ ကျင်းပမယ့် နိုင်ငံတကာ ထိပ်သီး ဆွေးနွေးပွဲမှာ တရုတ် သမ္မတ ရှီ ကျင့်ပင်နဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့ ဆွေးနွေး ပြောဆိုမှုတွေ လုပ်လာ နိုင်ပါတယ်။

တရုတ် သမ္မတနဲ့ ဂျပန် ဝန်ကြီးချုပ်တို့ နှစ်ဦးဟာ ရာထူး သက်တမ်း ယူခဲ့ပြီးကတည်းက မျက်နှာချင်းဆိုင် မတွေ့ရသေးပါဘူး။

လောလောဆယ် ဂျပန်က ထိန်းချုပ် ထားတဲ့ အဲဒီ ကျွန်းစုတွေ အပေါ် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး နှစ်ဘက် ကွဲလွဲချက်တွေကို အခုအခါ နှစ်ဘက် စလုံးက အသိအမှတ်ပြု လက်ခံထားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ