တရားမဝင် ဝက်ဘ်ဆိုက် ၄၀၀ ကျော်ကို ဖော်ထုတ် ဖမ်းဆီး

  • 7 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption မှောင်ခို ဝက်ဘ်ဆိုက် ဖမ်းဆီးမှုတွေ ထဲမှာ အကြီးဆုံးဖြစ်

မူးယစ် ဆေးဝါးတွေ၊ လက်နက်တွေ၊ ကလေးငယ် တွေရဲ့ ညစ်ညမ်း ပုံတွေနဲ့ တရားမဝင် ကုန်ပစ္စည်း တွေကို အင်တာနက် ကနေ ရောင်းချနေတဲ့ Silk Road 2.0 ဝက်ဘ်ဆိုက် အပါအဝင် အခြား ဝက်ဘ်ဆိုက် ၄၀၀ ကို နိုင်ငံတကာ ရဲတွေက ပိတ်လိုက်ပါတယ်။

အဲဒီ ဝက်ဘ်ဆိုက်တွေဟာ သမားရိုးကျ ရှာဖွေရေး အင်ဂျင်တွေနဲ့ ရှာလို့ မတွေ့နိုင်တဲ့ Tor ကွန်ရက်ကို အသုံးပြုပြီး လျှို့ဝှက် လွှင့်တင် ထားတာ ဖြစ်ပါတယ်။

Dark net လို့ သိကြတဲ့ အဲဒီ အင်တာနက် ကွန်ရက်နဲ့ ဆက်နွယ်နေတဲ့ အရောင်းအဝယ် သမားတွေ၊ ဝက်ဘ်ဆိုက် စီစဉ်သူတွေ အတော်များများ ကိုလည်း ဖမ်းဆီး လိုက်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အွန်လိုင်းကနေ ငွေပေးချေမှုတွေမှာ အသုံးပြုတဲ့ Bitcoin ဒေါ်လာ တစ်သန်းကျော် ကိုလည်း သိမ်းဆည်း မိခဲ့တယ်လို့ စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

အဲဒီ စုံစမ်း စစ်ဆေးမှုကို ဥရောပ နိုင်ငံ ၁၆ နိုင်ငံက အာဏာပိုင်တွေနဲ့ FBI ထောက်လှမ်းရေး အဖွဲ့ တို့က စုံစမ်း ဖော်ထုတ် ခဲ့တာ ဖြစ်ပါတယ်။

အွန်လိုင်း မြေအောက် မှောင်ခို စီးပွားရေးဟာ လုံခြုံမှု မရှိတော့ဘူး ဆိုတာကို ဒီ စစ်ဆင် လှုပ်ရှားမှုက ဖော်ပြ လိမ့်မယ်လို့ နိုင်ငံတကာ ရဲအဖွဲ့က မျှော်လင့် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ