အီရတ်ကို အမေရိကန်က တပ်သား၁၅၀၀ထပ်လွှတ်

  • 7 နိုဝင်ဘာ 2014
အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များ ဓာတ်ပုံ မူပိုင် AP
Image caption အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များ

အီရတ်ကို တပ်သား၁၅၀၀ ထပ်လွှတ်တာနဲ့ ပါတ်သက်လို့ ပင်တဂွန်စ စ်ဌာနချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး ဂျွန်ကာဘီက ဒါဟာ လက်ရှိအမေရိကန် တပ်ဖွဲ့တွေကို ထပ်ချဲ့ပြီး အိုင်အက်စ်တွေကို အီရတ်က တိုက်ရာမှာ အကူအညီပေးဖို့ ဆောင်ရွက်တာလို့ ပြောပါတယ်။

အီရတ် အစိုးရရဲ့ မေတ္တာရပ်ခံချက် အီရတ်တပ်တွေရဲ့ စစ်မြေပြင်မှာ တိုးတက်မှုနဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက အရေးကြီး နေရာတွေကို ကာကွယ်ဖို့အစီအစဉ် နောက်ပြီး အိုင်အက်စ်ကို တိုက်ရေးစတဲ့ ကိစ္စတွေ အတွက် ကာကွယ်ရေး ဝန်ကြီး ချပ်ဟေဂယ်က သမ္မတထံ တပ်သားထပ်တောင်းတာဖြစ်ပါတယ်။

အီရတ်နဲ့ ဆီးရီးယားတို့မှာ အိုင်အက်စ်က နေရာ အတော်များများ ထိန်းချုပ်ထားပြီး အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တွေက သြဂုတ်လကတဲက လေကြောင်းမှ အကြိမ်၄၀၀ပကျော် အိုင်အက်စ် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

ပင်တဂွန်ရဲ့ဆိုအရ အီရတ်တပ်ဖွဲ့နဲ့ ကဒ် တပ်ဖွဲ့၁၂ခုတို့ကို လေ့ကျင့်ပေးဖို့ နိုင်ငံအနှံ့မှာ စခန်းတွေ အတော်များများ ဖွင့်မယ်လို့ ဆိုပါတယ်။ဒါ့အပြင် အိုင်အက်စ်စစ် သွေးကြွတွေကို တိုက်ခိုက်ဖို့ အမေရိကန် ဒေါ်လာသန်း၅ထောင် ကျော် ကွန်ဂရက်က ဘတ်ဂျက် ချပေးဖို့လည်း သမ္မတ အိမ်ဖြူတော်က တောင်းခံလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ