အဖရိကန်နွယ်ဖွား အမေရိကန်သူကို ရှေ့နေချူပ်အဖြစ် အိုဘားမား အကြံပြု

  • 9 နိုဝင်ဘာ 2014
_hsbc
Image caption နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုကို ကာကွယ် စောင့်ရှောင့်မယ် လို့ မစ်လင့်န့်ချ် က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ရှေ့နေချူပ် အဖြစ် ခန့်အပ်ဖို့ နယူယောက်မြို့ ဗဟိုအစိုးရ ရှေ့နေ ကို သမ္မတ အိုဘားမား က တရားဝင် နာမည် စာရင်း တင်သွင်း အကြံပြုလိုက်ပြီ ဖြစ်ပါတယ်။

Ms Lynch ဟာ ခိုင်မာ ပြတ်သားပြီး၊ တရားမျှတ အနှောင်အဖွဲ့ ကင်းတဲ့ ရှေ့နေကောင်း တစ်ဦး အဖြစ် အများကြားထဲမှာ တိုးထွက် ထင်ပေါ်သူ တစ်ဦး ဖြစ်တယ် လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

ဆီးနိတ်လွှတ်တော် အနေနဲ့လည်း ကြန့်ကြာမှု မရှိပဲ အမြန်ဆုံး အတည်ပြုပေး ဖို့ မျှော်လင့် ပါကြောင်းလည်း သမ္မတက ဆိုပါတယ်။

နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံသားတွေ ရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုတွေ ကို စောင့်ရှောက် နိုင်ဖို့က သူမရဲ့ ဦးစားပေး ကိစ္စရပ်တွေ ဖြစ်တယ်လို့ အမည်စာရင်း တင်သွင်းမှုကို လက်ခံရင်း Ms Lynch က ပြောပါတယ်။

ဆီးနိတ် လွှတ်တော် ကသာ Ms Lynch ကို ရှေ့နေချူပ် အဖြစ် အတည် ပြုလိုက်ပြီ ဆိုရင် သူမဟာ အမေရိကန် နိုင်ငံသမိုင်းမှာ တရာရေးဌာန ရဲ့ အကြီးအကဲ အဖြစ် တာဝန်ယူရမယ့် ပထမဆုံး အာဖရိကန် နွယ်ဖွား အမေရိကန် အမျိုးသမီး တစ်ဦး ဖြစ်လာမှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ