ဘာလင်တံတိုင်း ပြိုကျမှု ၂၅ နှစ်ပြည့် အခမ်းအနား

  • 9 နိုဝင်ဘာ 2014
Image caption မစ် မာကဲလ်ဟာ လက်ကျန် တံတိုင်း ဟောင်း တခုရဲ့ အက်ကွဲကြောင်း နေရာမှာ နှင်းဆီ တပွင့် ထိုးစိုက်ခဲ့

အရှေ့နဲ့ အနောက် ဂျာမဏီ ကို ပိုင်းခြား ထားတဲ့ ဘာလင် တံတိုင်းကြီး ပြိုကျ ခဲ့တဲ့ ၂၅ နှစ် မြောက် အခမ်း အနားတွေကို ဂျာမဏီ နိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။

ဂျာမဏီ ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်က လူ့ အခွင့် အရေး အတွက် ခြိမ်းခြောက် မှုတွေ ရှိနေ သေးတဲ့ နိုင်ငံတွေက ပြည်သူတွေ အတွက် မျှော်လင့်ချက် သတင်း စကား ပြောကြားခဲ့ ပါတယ်။

အခု ၂၅ နှစ်မြောက် နှစ်ပတ်လည် နေ့ဟာ ဝမ်းသာ စရာ နေတနေ့ ဖြစ်ကြောင်း၊ ဒါပေမယ့်လို့ အဲဒီတုန်းက အရှေ့ ဂျာမဏီ ကနေ အနောက် ဂျာမဏီ ဘက်ကို ထွက်ပြေး လွတ်မြောက် ဖို့ ကြိုးစားရင်း သေဆုံးရ သူတွေ ၊ နောက်ပြီး အရှေ့ ဂျာမဏီမှာ အကျဉ်းကျ ခံခဲ့ ရသူတွေ အတွက် ဝမ်းနည်း အမှတ် ရဖွယ် ဖြစ်တယ် လို့ မစ် မာကဲလ်က ပြောပါတယ်။

မစ် မာကဲလ်ဟာ အဲဒီ သူတွေ အတွက် လက်ကျန် တံတိုင်း နေရာဟောင်း တခုရဲ့ အက်ကွဲကြောင်း နေရာမှာ နှင်းဆီ တပွင့် ထိုးစိုက် ခဲ့ပါတယ်။

ဂျာမန် နှစ်နိုင်ငံ မပေါင်းစည်း ခင်တုန်းက မစ် မာကဲလ်ဟာ အရှေ့ ဂျာမဏီမှာ နေထိုင် ခဲ့သူ တဦး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ