အီရတ်ကို တပ်ဖွဲ့ဝင်တွေ ထပ်ပို့မယ်လို့ အိုဘားမားပြော

  • 9 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption အီရတ်ကို တပ်ဖွဲ့ဝင်တွေ ထပ်ပို့မယ်လို့ သမ္မတအိုဘားမား ပြော

အီရတ်က အိုင်အက်စ် အစ္စလာမ္မစ်နိုင်ငံအဖွဲ့ကို တိုက်ခိုက် နေတဲ့ စစ်ပွဲမှာ နောက်တဆင့် အနေနဲ့ နောက်ထပ် အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀၀ ဖြန့်ချမယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောပါတယ်။

ပထမဆုံးလုပ်ခဲ့တဲ့ အဆင့်က အီရတ်မှာ အားလုံးပါဝင်နိုင်ပြီး ယုံကြည်လက်ခံနိုင်တဲ့ အစိုးရတရပ် ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ အခုအခါမှာ နောက်တဆင့် အနေနဲ့ အိုင်အက်စ်တို့ကို ရှေ့ဆက်မတိုးလာအောင် တပ်ဖွဲ့တွေက ဟန့်တားရုံတင်မက ထိုးစစ်တချို့တောင် တောင် စပြီး လုပ်တော့မယ့် အနေအထားမှာ ရှိနေပြီလို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

အိုင်အက်စ်တို့ရဲ့ တိုက်စွမ်းရည်ကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိခိုက်အောင် လုပ်ခဲ့ပြီးတဲ့နောက်မှာ အခု မြေပြင်တပ်တွေလိုလာပြီ၊ အီရတ်မြေပြင်တပ်ဖွဲ့တွေနဲ့ အိုင်အက်စ်တို့ကို စပြီး တွန်းလှန်နိုင်တော့မယ်လို့ ဆိုပါတယ်။

အီရတ်နိုင်ငံက အကြီးဆုံး ရေနံချက် စက်ရုံကြီးနားမှာရှိတဲ့ ဘေဂျီ Baiji မြို့ ကနေ အိုင်အက်စ် ဂျီဟတ်ဒစ်စ်တွေကို စစ်တပ်က မောင်းထုတ်ဖို့ ကြိုးစားနေရာမှာ အောင်မြင်မှုတွေ ရှိနေတယ်လို့ အီရတ်အရာရှိတွေက ပြောပါတယ်။