တရုတ် ကြီးပွားတာကို မြင်လိုတယ်လို့ အိုဘားမား ပြော

  • 10 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အေပက် အစည်းအဝေးမှာ အိုဘားမား မိန့်ခွန်း ပြောစဉ်

ဘေဂျင်းမှာ ကျင်းပနေတဲ့ အာရှ ပစိဖိတ် ထိပ်သီး ဆွေးနွေးပွဲမှာ အမေရိကန် သမ္မတ အိုဘားမားက မိန့်ခွန်း ပြောရာမှာ တရုတ် ပြည်ကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ကြီးပွား တိုးတက်တာကို မြင်လိုတယ်လို့ ပြောကြား ခဲ့ပါတယ်။

တရုတ်ပြည်ရဲ့ စီးပွားရေး အောင်မြင်မှုဟာ လူတိုင်းကို အကျိုး ဖြစ်စေတယ် လို့လည်း သူ့ရဲ့ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံက နိုင်ငံသား တွေကို ပြည်ဝင်ခွင့် ဗီဇာ သက်တမ်း ၁ဝ နှစ်ထိ တိုးပေးမယ့် သဘောတူညီချက် ကိုလည်း မစ္စတာ အိုဘားမားက ကြေညာ ခဲ့ပါတယ်။

ဒါပေမယ့် တရုတ် မပါဝင်တဲ့ ပစ္စဖိတ် ဒေသတွင်း ဖြတ်ကျော် ကူးသန်း ရောင်းဝယ်ရေး သဘောတူ စာချုပ် ချုပ်ဆို နိုင်မယ့် အလားအလာ တွေကိုလည်း အိုဘားမားက ပြောကြား ခဲ့ပါတယ်။

တရုတ် အမေရိကန် ၂ နိုင်ငံကြား ဆိုင်ဘာ ထောက်လှမ်းရေး ကိစ္စ၊ စစ်အင်အား ချိန်ခွင်ရှာ ညှိမှု ကိစ္စနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို တရုတ် သမ္မတ ရှီကျင်ပင်းနဲ့ ပွင့်ပွင့် လင်းလင်း ပြောဆို ဆွေးနွေး နိုင်မယ်လို့ အမေရိကန် ဘက်က ခန့်မှန်း ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ