MH17 ၄ လပြည့် ဆုတောင်းပွဲ နယ်သာလန်မှာ ကျင်းပ

  • 10 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အခမ်းအနားကို ရာနဲ့ချီတဲ့ ဆွေမျိုးတွေ တက်ရောက်

ယူကရိန်း အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ် ထားတဲ့ နယ်မြေ အတွင်းမှာ ပစ်ချ ခံခဲ့ရတဲ့ မလေးရှား လေကြောင်း လေယာဉ် MH17 ပျက်ကျမှု ၄ လ ပြည့် အောက်မေ့ဖွယ် ဆုတောင်းပွဲ ကို နယ်သာလန် နိုင်ငံ အမ်စတာဒမ် မြို့မှာ ကျင်းပ ခဲ့ပါတယ်။

ဒီအခမ်းအနားကို နယ်သာလန် ဘုရင်နဲ့ မိဖုရား၊ တခြား ခေါင်းဆောင် တွေနဲ့ အတူ ကွယ်လွန်သူ တွေရဲ့ ရာနဲ့ချီတဲ့ ဆွေမျိုး တွေ တက်ရောက် ခဲ့ကြပါတယ်။

MH17 လေယာဉ်ဟာ အမ်စတာဒမ် ကနေ ကွာလာလမ်ပူကို ပျံသန်း လာချိန်မှာ ပစ်ချခံခဲ့ရပြီး လေယာဉ်ပေါ် ပါသူ ၂၉၈ ယောက် သေဆုံး ခဲ့ရပါတယ်။

လေယာဉ်ပျက် စုံစမ်း စစ်ဆေးမှု တွေဟာ ယူကရိန်း အရှေ့ပိုင်း တိုက်ပွဲ တွေကြောင့် နှောင့်နှေး ခဲ့ရပြီး ဒီအတွက် စိတ်ပျက် လက်ပျက် ခံစားရမှုကို ဒီဆုတောင်းပွဲက ပြသ နေတယ်လို့ အမ်စတာဒမ်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ