နိုင်ဂျီးရီးယား စာသင်ကျောင်း အသေခံ ဗုံးခွဲ ၄၆ ဦး သေ

  • 10 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ၇၉ ယောက် ဒဏ်ရာရ

နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ Potiskum မြို့က အလယ်တန်းကျောင်းမှာ မနက်ခင်း စုဝေးချိန်မှာ ကျောင်းသား ယောင်ဆောင်ပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်လို့ အနည်းဆုံး ကျောင်းသား ၄၆ ယောက် သေဆုံးပြီး ၇၉ ယောက် ဒဏ်ရာ ရသွားတယ်လို့ နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က ပြောပါတယ်။

ယိုဘီ ပြည်နယ်က အဲဒီ ယောက်ျားလေး ကျောင်း ပေါက်ကွဲမှုမှာ အတော် ဆိုးဆိုးရွားရွား ကြုံတွေ့ ခဲ့ရပြီး ပြန့်ကျဲ နေတဲ့ ရှူးဖိနပ် တွေနဲ့ သွေးကွက် တွေကို မြေမှာ တွေ့ရတယ် လို့ မျက်မြင် သက်သေ တွေက ပြောပါတယ်။

အခုလို တိုက်ခိုက်မှုဟာ စစ်သွေးကြွ အဖွဲ့ ဖြစ်တဲ့ ဘိုကိုဟာရမ် ရဲ့ လက်ချက်လို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘိုကိုဟာရမ် အဖွဲ့ဟာ အနောက်တိုင်း ပညာရေး စနစ် ကို ဆန့်ကျင် တိုက်ခိုက် နေတာ ဖြစ်ပြီး စာသင် ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ