ဗြိတိသျှ ဝန်ကြီးချုပ်က ရုရှ ကို သတိပေးစကားပြော

  • 11 နိုဝင်ဘာ 2014
ameron_brussels_promo ဓာတ်ပုံ မူပိုင် EPA
Image caption ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်

ြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် က ရုရှအနေ နဲ့ အရှေ့ယူကရိန်း ဘက် မှာ တရားမဝင် လှုပ်ရှားမှု တွေ ပြုနေတာ ကို မရပ်ရင် ဗြိတိန် အနေနဲ့ နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှု တွေ နဲ့ အရေးယူ ဖို့ အသင့် လို့ ပြောပါတယ်။

ရုရှ ဟာ အချုပ်အချာ အာဏာပိုင် ရှိပြီး နိုင်ငံတခု ကို မတည်ငြိမ်အောင် ပြုလုပ်နေခြင်း အားဖြင့် နိုင်ငံတကာ စောင့်ထိန်းရမဲ့ စည်ကမ်းချက် စာအုပ်ရဲ့ စာမျက်နှာ တွေ ကို စုတ်ဖြဲ ပစ်တဲ့ အသွင်ဆောင် နေကြောင်း စွပ်စွဲ လိုက်ပါတယ်။ ဒါပေမဲ့ ဗြိတိန် အနေနဲ့ နောက်ထပ် စစ်အေး တိုက်ပွဲ ဖြစ်ပေါ်ရေး နည်းလမ်းရှာနေတာ မဟုတ်ဘူး လို့လည်း ပြောပါတယ်။

လာမဲ့ သီတင်းပတ်ကုန် ရက်မှာ သူဟာ ရုရှ သမ္မတ ပူတင် နဲ့ သြစတြေလျ နိုင်ငံ ဘရစ်စ်ဘိန်းမြို့ မှာ ကျင်းပမဲ့ G20 ထိပ်သီးညီလာခံ မှာ တွေ့တဲ့ အခါမှာ ဒီကိစ္စ ပြောမဲ့ အကြောင်း ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် က ပြောပါသေးတယ်။

ဒီရက်ပိုင်း အတွင်းမှာ ဘဲ ဆိုဗီယက် ခေါင်းဆောင်ဟောင်း မီခေးလ် ဂိုဘာချောဖ် က သတိပေးစကား ပြောတဲ့ အခါမှာ အခု အခြေအနေ ဟာ စစ်အေး တိုက်ပွဲ ဖြစ်လုဆဲဆဲ လို့ ဆိုပေမဲ့ ဒါ ကို သူ့အနေနဲ့ ဖြစ်လာမယ် လို့ မယုံကြည် တဲ့ အကြောင်း၊ ဒါပေမဲ့ ရုရှ ဟာ လက်ရှိ ပုံစံ လမ်းစဉ် အတိုင်း သွားနေမယ် ဆိုရင်တော့ အနာဂတ် မှာ ရုရှ နဲ့ တကမ္ဘာလုံး ဆက်ဆံရေး ဟာ သိပ်ကို ကွဲပြား ခြားနား သွားတော့မယ် လို့ ြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် က ပြောတာပါ။