ဆီးရီးယား အရေး ဖြေရှင်းဖို့ အခွင့်အလမ်းသစ်

  • 11 နိုဝင်ဘာ 2014
un_undof_syria_304x171_a ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယားအတွက် အထောက်အကူပစ္စည်း

ဆီးရီးယားပြည်တွင်းစစ်ဟာ အခုဆိုရင် ၄ နှစ် ထဲဝင်လာပြီဖြစ်လို့ လူပေါင်း ၂ သိန်း ကျော် လည်း သေဆုံးရပြီဖြစ်ပေမဲ့ ဆီးရီးယား အရေးကြားဝင် စေ့စပ်ပေးနေတဲ့ ကုလ အထူးကိုယ်စလှယ် စတတ်ဖန် ဒီ မစ္စတူရာ ကတော့ အခွင့်အလမ်း အသစ်ရှိပါသေးတယ် လို့ ပြောပါတယ်။

မစ္စတာ ဒီ မစ္စတူရာ အဓိကပြောတဲ့ အချက် ကတော့ ဆီးရီးယား အစိုးရ အဖွဲ့ထဲ ကရော အတိုက် အခံ သူပုန် အဖွဲ့ထဲ က သဘောထား အလယ်အလတ် လမ်းစဉ် ထားနိုင်သူတွေ အနေနဲ့ လက်တွဲ ဖြေရှင်းနိုင်ရင် ဒီပြည်တွင်းစစ် ရပ်သွားနိုင်ဘွယ်ရှိတာ ကို ပြောတာပါ။ အခု လို နှစ်ဖက်၊ အဖြေမရှာ နိုင်တဲ့ အတွက် အိုက်စက်စ် လို ဂျီဟဒ် သူပုန် အဖွဲ့ နဲ့ ရော အယ်ကိုင်းဒါး အနွယ် နျူစရာ တပ်ဦး နဲ့ ပါ ရင်ဆိုင်တိုက်ပွဲ တွေ ဖြစ်နေရတာ ကို ထောက်ပြ သွားတာပါ။

သူ ချပြ တဲ့ အစီအစဉ် ကတော့ လက်တွေ ထိရောက်မှု ရှိတဲ့ အစီအစဉ် မို့၊ ဒါ ကိုလည်း အောက်ခြေက စပြီး လုပ်ရမဲ့ အကြောင်း၊ တိုက်ပွဲ တွေ ရပ်ပစ် လိုက်တာရယ် အကြမ်းဖက်မှု တွေ လျှော့ချ လိုက်တာတွေ ပါဝင်ပြီး နှစ်ဘက်စလုံး အပစ်ရပ် ဇုံတွေ သတ်မှတ် လိုက်ယင်း၊ တိုက်ခိုက်မှု တွေ ရပ်လိုက်ရင် ကူညီထောက်ပံ့မှု တွေ ကိုလည်း တိုးမြှင့် ဆောင်ရွက်နိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။ အပစ်ရပ် သဘောတူညီချက် ကို ဆိုလိုတာ မဟုတ်ဘူးလို့ ပြောရခြင်းကတော့ အပစ်ရပ် ဆိုပြီး တဖက် ဖက် က သေနတ်တချက် ဖေါက်လိုက်တာနဲ့ ဒီသဘောတူညီချက် ပျက်တဲ့ သဘော ရောက်သွားလေ့ ရှိလို့ပါ လို့ ရှင်းပြတာပါ။

ကုလသမဂ္ဂ ဖက် က စိတ်ပူပင်နေတဲ့ အချက် ကတော့ မြို့ရွာ စွန့်ခွာ စစ်ပြေးဒုက္ခသည်တွေ သန်းနဲ့ ချီ ရှိနေတဲ့ အတွက် လိုအပ်တဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၅၈ သန်းခန့် လည်း ပြတ်လပ်နေတာက တကြောင်း၊ အခု ဆောင်းရာသီဝင်လာပြီ ဖြစ်လို့ အမိုးအကာ နဲ့ နွေးနွေးထွေးထွေး နေနိုင်ရေး အတွက် လည်း သောက ရောက်နေကြပါတယ်။ မနှစ်ဆောင်းရာသီ က ဆိုရင် ကလေး၁၁ ယောက် အအေးဒဏ် မခံနိင် လို့ သေဆုံး ခဲ့ရပါတယ်။