အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ နေပြည်တော်မှာ စတင်

  • 12 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption သြစတြေးလျနဲ့ အာဆီယံ ခေါင်းဆောင်တွေ

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင် ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။

ဒီကနေ့မှာ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ အင်ဒိုနီရှား သမ္မတ၊ ဂျပန် ဝန်ကြီးချုပ် တို့နဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အင်ဒိုနီရှားနဲ့ ၂၀၁၆မှာ နှစ်နိုင်ငံ ကုန်သွယ်မှုတွေကို အမေရိကန် ဒေါ်လာ တစ်ဘီလျံ အထိ တိုးမြှင့်သွားဖို့ သဘောတူခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်

ဂျပန် နိုင်ငံနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူခဲ့ပြီး ရန်ကုန်မြို့တွင်း လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အား စီမံကိန်း၊ သီလဝါနဲ့ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း တွေမှာ ပိုမို ရင်းနှီးမြှုပ်နှံဖို့နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ အကူအညီ ပေးဖို့ ဂျပန်က သဘောတူခဲ့ပါတယ်။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနဲ့ ဆက်စပ်တဲ့ ထိပ်သီး ဆွေးနွေးပွဲတွေ၊ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန် သမ္မတ အိုဘာမား အပါအဝင် နိုင်ငံခေါင်းဆောင် အတော်များများ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ