သားကြောဖြတ်တဲ့ အိန္ဒိယ အမျိုးသမီး ထပ်မံ သေဆုံး

  • 12 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အမှုနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရက စုံစမ်း စစ်ဆေးနေ

အိန္ဒိယ နိုင်ငံ အလယ်ပိုင်း ချာတီဂါ ပြည်နယ်မှာ သားကြောဖြတ်တဲ့ အမျိုးသမီး တစ်ဦး ထပ်မံ သေဆုံး သွားခဲ့ပြီး အခြား ၁၅ ဦးလည်း ထပ်မံ ဆေးရုံ တက်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီပြည်နယ်မှာ ပြီးခဲ့တဲ့ စနေနေ့က သားကြောဖြတ် ခွဲစိတ်မှု ခံယူခဲ့တဲ့ အမျိုးသမီး ၁၃ ဦး အင်္ဂါနေ့က သေဆုံး ခဲ့ပါတယ်။

ဒီအမျိုးသမီးတွေဟာ အစိုးရက ဖွင့်လှစ်ထားတဲ့ ဆေးခန်းမှာ သားကြောဖြတ် ခွဲစိတ်မှု ခံယူခဲ့ကြတာ ဖြစ်ပါတယ်။

ဆရာဝန် တစ်ဦနဲ့ သူ့လက်ထောက် တစ်ဦးက ၆ နာရီလောက် အတွင်းမှာ အမျိုးသမီး ၈၀ ကျော်ကို သန့်ရှင်းမှု မရှိတဲ့ အခြေအနေမျိုးမှာ ခွဲစိတ် သားကြောဖြတ် ပေးခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

အစိုးရက တစ်နေ့ကို အမျိုးသမီး ၃၅ ဦးသာ သားကြောဖြတ် ခွဲစိတ်မှု လုပ်ဖို့ ကန့်သတ် ထားတာ ဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေး နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ