ကြယ်တံခွန်ပေါ် ဂြိုဟ်ဆင်းယာဉ် ဆင်းသက်မှု စတင်

  • 12 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption မိခင်ယာဉ်ကနေ ထွက်ခွာအပြီး ၂ နာရီ အကြာ အထိ အဆက်အသွယ် ကောင်းနေ

အာကာသ သိပ္ပံ သမိုင်းမှာ အထူးခြားဆုံး အခိုက်အတံ့ အဖြစ် ကမ္ဘာမြေနဲ့ ကီလိုမီတာ သန်း ၅၀၀ ကျော် အကွာမှာ ရှိတဲ့ ကြယ်တံခွန် တစ်ခုရဲ့ မျက်နှာပြင်ပေါ်ကို ဂြိုဟ်ဆင်းယာဉ် ဆင်းသက်မှု စတင် လိုက်ပါတယ်။

67P ကြယ်တံခွန်ရဲ့ မျက်နှာပြင်ပေါ် ဆင်းသက်မယ့် ဂြိုလ်ဆင်းယာဉ် Philae ဟာ မိခင်ယာဉ် ရိုဆက်တာ ကနေ ထွက်သွားတာ ၂ နာရီ ကြာခဲ့ပြီးနောက် ယာဉ် ၂ ခုကြား အဆက်အသွယ် အားလုံး ကောင်းနေတယ်လို့ ဥရောပ အာကာသ အေဂျင်စီက သိပ္ပံပညာရှင် တွေက အတည်ပြု ခဲ့ပါတယ်။

အခုဆို 67P ကြယ်တံခွန်ဆီ ဆင်းသက်ဖို့ ကီလိုမီတာ အနည်းငယ်ပဲ ကွာတော့တဲ့ အဲဒီ ဂြိုလ်ဆင်းယာဉ် ကနေ မိခင် ယာဉ်မကြီးက ခွာထွက် ခဲ့တဲ့ ဓာတ်ပုံတွေကို ပေးပို့မှာကို စောင့်နေတယ်လို့ သိပ္ပံပညာရှင် တွေက ပြောပါတယ်။

Philae ဂြိုလ်ဆင်းယာဉ်ဟာ သက်တမ်း အားဖြင့် နှစ် သန်းပေါင်း ၄၀၀၀ ကျော်နေပြီလို့ ခန့်မှန်းထားကြတဲ့ ဒီ ကြယ်တံခွန်ဆီက ရေခဲနဲ့ မြေမှုန် တွေကို ဓာတ်ခွဲ လေ့လာပြီး အဲဒီကနေ တဆင့် စကြာဝဠာနဲ့ နေအဖွဲ့အစည်း ဖြစ်တည်လာပုံ တွေကို ပိုမို သိရှိလာ နိုင်မယ်လို့ မျှော်လင့် နေကြပါတယ်။

ဒီခရီစဉ်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စတင် ခဲ့တာ ဖြစ်ပြီး ဒေါ်လာ သန်း တစ်ထောင် ကုန်ကျ ခဲ့ပါတယ်။

အရင်က အခုလို ကြယ်တံခွန် တစ်ခုပေါ်ကို ညင်ညင်သာသာ ဆင်းသက် နိုင်ခဲ့မှု မရှိသေးဘဲ အခု ဆင်းသက်မှု အောင်မြင်ခဲ့ပါက အာကာသ သိပ္ပံ သမိုင်းမှာ အထူးခြားဆုံး အောင်မြင်မှု အဖြစ် မှတ်တမ်း တင်နိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ