ယူ​က​ရိန်း​နယ်​ထဲ ရုရှား​တပ်​တွေ ဝင်​ရောက် နေ​တယ်​လို့ နေး​တိုး​ပြော

  • 12 နိုဝင်ဘာ 2014
nato_secgen_stoltenberg ဓာတ်ပုံ မူပိုင် EPA
Image caption ယူကရိန်း အရှေ့ဘက်နယ်ထဲက ရုရှားတပ်တွေ ပြန်ထွက် ပေးရမယ်လို့ နေးတိုး အတွင်း ရေးမှုးချူပ် က တောင်းဆို လိုက်ပါ တယ်။

ယူကရိန်း အရှေ့ဘက်ခြမ်း မှာ ရုရှားရဲ့ စစ်ရေး အင်အား ဖြည့်တင်းမှုတွေ သိသိသာသာ တိုးမြင့် လုပ်ဆောင် လာတာဟာ ယူကရိန်း အစိုးရနဲ့ အရှေ့ဘက်ခြမ်း ခွဲထွက်ရေး သူပုန်တွေ အကြား အပစ် ရပ်ထားတဲ့ အခြေအနေ ကို ကျိုးပျက် သွားစေ နိုင်တယ် ဆိုပြီး နေးတိုးက သတိပေး လိုက်ပါတယ်။

ရုရှားဘက်ကနေ စစ်သားတွေ၊ သံချပ်ကာကားတွေ၊ လက်နက်ကြီးတွေနဲ့ လေယာဉ်ပစ် အမြောက်တွေပါ ယူကရိန်း နယ်ထဲကို စေလွှတ်နေတယ် ဆိုပြီးနေးတိုးက ပြောပါတယ်။

ရုရှားတပ်တွေ ပြန်လည် ရုပ်သိမ်း ပေးရမယ်လို့လည်း နေးတိုး အတွင်းရေးမှုးချူပ် ယဲန်းစ် စတိုးတဲန်းဘာ့ဂ် က တောင်းဆို လိုက်ပါတယ်။

ယူကရိန်း အစိုးရကလည်း အလားတူ တောင်းဆိုခဲ့တဲ့ အပြင် ယူကရိန်း စစ်တပ်တွေဟာ ရင်ဆိုင် တိုက်ပွဲတွေ ဆင်နွှဲဖို့ အသင့် ပြင်ထား နေပြီလို့လည်း ဆိုပါတယ်။

ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OSCE ကလည်း ယူကရိန်း အရှေ့ဘက်ခြမ်း နယ်ထဲကို ရုရှားဘက်ကနေ စစ်ဝတ်စစ်စားနဲ့ သူတွေ နယ်စပ် ဖြတ်ကျော် ဝင်ရောက် လာမှုတွေ တိုးမြင့်လာတဲ့ အကြောင်း သူတို့ အနေနဲ့ မှတ်တမ်း တင်ထားတယ် လို့ ပြောပါတယ်။

ရုရှား ဘက်ကတော့ အဲဒီ့ သတင်းတွေ အားလုံးကို မှန်ကန်မှု မရှိဘူး ဆိုပြီး ငြင်းဆန် လိုက်ပါတယ်။

ဒီအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေး နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ