အီဘိုလာ ကုထုံးသစ်တွေနဲ့ စမ်းသပ် ကုသမယ်

  • 13 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အီဘိုလာ ကူးစက်နှုန်းက မြင့်မားနေဆဲလို့ WHO ပြော

အနောက် အာဖရိကမှာ အီဘိုလာ ကူးစက် ခံရတဲ့ လူနာတွေကို နောက်လက စပြီး ကုထုံးသစ် တွေနဲ့ စတင် စမ်းသပ် ကုသ သွားမယ်လို့ သိရပါတယ်။

အီဘိုလာ ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ MSF နယ်စည်း မခြား ဆရာဝန်များ အဖွဲ့က အနောက် အာဖရိကမှာ ရှိတဲ့ သူတို့ရဲ့ ဆေးခန်းတွေမှာ အီဘိုလာ ရောဂါ ကုထုံးသစ် ၃ ခုနဲ့ စမ်းသပ် ကုသ သွားမယ်လို့ ထုတ်ဖော် ကြေညာ လိုက်တာပါ။

အီဘိုလာ ရောဂါ စဖြစ်ပွားတဲ့ အရေးကြီးတဲ့ ပထမ သီတင်း ၂ပတ် အတွင်း အီဘိုလာ လူနာတွေကို အသက်ရှင်အောင် ဆက်ထိန်း ထားဖို့ အတွက် ရောဂါ တိုက်ဖျက်တဲ့ ဆေး ၂ မျိုး အပြင်၊ ရောဂါ ပျောက်ကင်း ခဲ့သူတွေရဲ့ သွေးရည်ကြည်ကိုပါ အသုံးပြုပြီး ကုသသွားမှာ ဖြစ်တယ်လို့ MSF က ပြောပါတယ်။

ဒါဟာ အီဘိုလာ ရောဂါသည်တွေ အတွက် မျှော်လင့်ချက်ဖြစ်ကြောင်း၊ ၂၁ ရာစုမှာ အီဘိုလာလို ရောဂါကြောင့် လူတွေ အသက် ဆုံးရှုံးနေရ တာဟာ လက်ခံနိုင်စရာ မရှိကြောင်း MSF အဖွဲ့က Bertand Draguez က ဘီဘီစီကို ပြောပါတယ်။

အခုအခါ အနောက် အာဖရိကမှာ အီဘိုလာ ရောဂါကြောင့် သေဆုံးသူပေါင်း ၅ ထောင် ကျော်သွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ