ဖီဖာရဲ့ အစီရင်ခံစာ အဝေဖန် ခံနေရ

  • 14 နိုဝင်ဘာ 2014
michael_garcia_ ဓာတ်ပုံ မူပိုင် Getty
Image caption သူ့ရဲ့ တွေ့ရှိ ချက်တွေကို ဖီဖာက ပြည့်စုံအောင် ထည့်သွင်း မစဉ်းစားဘူး ဆိုပြီး မိုက်ကယ် ဂါဆီယာက ဝေဖန်ပါတယ်။

၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပွဲတွေ အတွက် အိမ်ရှင်အဖြစ် အရွေးခံရဖို့ မသာမာမှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ်၊ ကမ္ဘာ့ဖလား ဘော်လုံအဖွဲ့ချူပ် ဖီဖာ က စုံစမ်းခဲ့တာမှာ၊ အဲဒီ စုံစမ်းမှုတွေဟာ မတိကျ မသေချာမှုတွေနဲ့ ပြည့်နေတယ်ဆိုပြီး ဝေဖန် ခံနေရပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပွဲ အတွက် အိမ်ရှင် အဖြစ် အရွေးခံထားရတဲ့ ရုရှားရော၊ ၂၀၂၂ အိမ်ရှင် ကာတာရော၊ မဲဝယ် လာဘ်ပေးပြီး နေရာ ရအောင် ယူထားခဲ့တယ် ဆိုတဲ့ စွပ်စွဲ မှုတွေဟာ၊ အထောက်အထား အနည်းငယ် ပြရုံလောက်က လွဲပြီး၊ ဘာမှ ခိုင်လုံအောင် မစွပ်စွဲ နိုင်ခဲ့ကြဖူးလို့ ဖီဖာ က ဆုံးဖြတ် ထားပါတယ်။

စုံစမ်းမှုတွေကို FIFA အတွက် ဦးဆောင် ပြုလုပ်ပေးခဲ့တဲ့ အမေရိကန် ရှေ့နေ မိုက်ကယ် ဂါဆီယာ က၊ သူ့ရဲ့ တွေ့ရှိချက်တွေ အပေါ် ဖီဖာ အနေနဲ့ အကျဉ်းချူပ် သုံးသပ် ဆုံးဖြတ်ခဲ့မှုဟာ မပြည့်စုံတဲ့ အပြင် အမှားအယွင်း တွေလည်း ရှိနေတယ် လို့ ပြောပါတယ်။

FIFA ရဲ့ တာဝန်ရှိသူ တစ်ဦးရဲ့ အဆိုအရတော့၊ ဒီစုံစမ်းမှုတွေနဲ့ ပတ်သက်ပြီး နောက်ဆုံး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ဖီဖာ ကနေ မစ္စတာ ဂါဆီယာ့ ထံကို တရားဝင် အကြောင်းကြားမှုတွေ မလုပ်ခဲ့ဘူး လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ