G20 ထိပ်​သီး အစည်းအဝေး​မှာ ကမ္ဘာ့​စီးပွား​ရေး တိုးတက်​ဖို့ အာရုံ​စိုက် ဆွေး​နွေးကြမယ်

  • 15 နိုဝင်ဘာ 2014
putin ဓာတ်ပုံ မူပိုင် epa
Image caption G20 စက်မှုနိုင်ငံတွေ ထိပ်သီး အစည်းအဝေးမှာ ရုရှား သမ္မတပူတင်ဟာ အနောက်အုပ်စု နိုင်ငံတွေရဲ့ ပြစ်တင် ဝေဖန်မှုတွေကို ကြုံလာရ နိုင်ပါတယ်။

G20 စက်မှုထိပ်သီး နိုင်ငံတွေရဲ့ အစည်းဝေး ကို တက်ရောက်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေက ခေါင်းဆောင်တွေ သြစတြေးလျား နိုင်ငံ ဘရစ်ဘိန်း မြို့မှာ စုဝေး နေကြပါတယ်။

ဒီ ထိပ်သီး အစည်းအဝေးမှာ ကမ္ဘာ့ စီးပွားရေးကို အရှိန်အဟုန် တိုးမြှင့်နိုင်ရေး နဲ့ ပတ်သက်ပြီး ဆွေးနွေး ကြမှာ ဖြစ်သလို၊ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကို ကာကွယ် နိုင်ရေးနဲ့ အီဘိုလာ ကူးစက်မှု အန္တရာယ် ကို ထိန်းချူပ် နိုင်ရေး တွေကိုလည်း ဆွေးနွေးဖို့ ရှိပါတယ်။

အခု အစည်းအဝေး ကို တက်ရောက်လာမယ့် ရုရှား သမ္မတ ပူတင် အတွက်တော့၊ သူ့ရဲ့ စစ်ရေး တိုးမြင့် ပြင်ဆင်နေမှုတွေ အတွက် အနောက်အုပ်စု နိုင်ငံတွေ ရဲ့ အပြင်းအထန် ဝေဖန်မှုကို ကြုံတွေ့ရဖွယ် ရှိပါတယ်။

အိမ်ရှင် ဩစတြေးလျ ဝန်ကြီးချူပ် တိုနီ အဲ့ဘတ်က ရုရှား ရေတပ်သင်္ဘောတွေကို ဩစတြေးလျ ကမ်းရိုးတန်းက လှမ်းမြင်နိုင်တာမျိုးဟာ မလိုလားဖွယ် ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ