ရုရှား​ဟာ ပိုမို ရန်လို လာ​နေ​တယ်​လို့ နေး​တိုး ပြော

  • 14 နိုဝင်ဘာ 2014
_nato_russia ဓာတ်ပုံ မူပိုင် Reuters
Image caption အရပ်ဖက် လေယာဉ်တွေကို ရုရှားစစ် လေယာဉ်တွေ အန္တရာယ် ပေးနိုင်တဲ့ အပေါ် ကြားဝင်ဟန့်တားမှုတွေ လုပ်ခဲ့ရကြောင်း နေးတိုးက ပြောပါတယ်။

ယူကရိန်းနိုင်ငံနဲ့ နေးတိုးအဖွဲ့ အပေါ် ရုရှားရဲ့ အပြုအမူတွေဟာ ပိုပြီး ရန်လိုလာတယ် လို့ နေးတိုးရဲ့ အတွင်းရေးမှုးချူပ် ယဲန်းစ် စတော့လ်တဲန်ဘာ့ဂ် က ပြောလိုက်ပါတယ်။

ဒါဟာ ဥရောပနိုင်ငံများ လိုက်နာကြတဲ့ ကျင့်ဝတ် စည်းကမ်းတွေကို မထီမဲ့မြင် ပြုရာကျတယ်လို့လည်း မစ္စတာ စတော့လ်တဲန်ဘာ့ဂ် က ဆိုပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံထဲမှာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်နေတဲ့ အပြင်၊ ရေပြင် ဝေဟင်တွေမှာ နေးတိုးအဖွဲ့ကို ခြိမ်းခြောက်မှုတွေလည်း ပိုမို လုပ်ဆောင် လာနေကြောင်း မစ္စတာ စတော့လ်တဲန်ဘာ့ဂ် က ပြောပါတယ်။

အရပ်ဖက် လေယာဉ်တွေကို အန္တရာယ်ပြုနိုင်တဲ့ ရုရှားစစ်လေယာဉ်တွေကို နေးတိုး အနေနဲ့ ဒီနှစ် အတွင်း အကြိမ် ၁၀၀ တိတိ ဟန့်တား ခဲ့ရတယ်လို့လည်း မစ္စတာ စတော့လ်တဲန်ဘာ့ဂ် က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ