ကြယ်တံခွန်ဆင်းယာဉ်ငယ် ရပ်သွားပြီ

  • 15 နိုဝင်ဘာ 2014
rosetta_mission_philae_lander_ ဓာတ်ပုံ မူပိုင် PA
Image caption ကြယ်တံခွန်ဆင်း ယာဉ်ငယ်

ဥရောပ အာကာသ အေဂျင်စီကနေ ကြယ်တံခွန် ၆၇ ပီ ဆီကို လွှတ်တင်လိုက်တဲ့ ဂြိုလ်ဆင်းယာဉ်ငယ် ဖီလိုင်းဟာ အခု အချက်အလက်တွေကို ပေးပို့ နေတာ ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီယာဉ်ငယ်ဟာ နေစွမ်းအင်နဲ့ ပြန်ပြီး အားဖြည့်ရမှာ ဖြစ်ပေမယ့် အရိပ်ထဲကို ဆင်းခဲ့မိလို့ အားဖြည့်ဖို့ အခက်ကြုံခဲ့ရတာ ဖြစ်ပြီး အခုတော့ ကျန်သမျှ စွမ်းအင်ကို ထိန်းသိမ်း ထားနိုင်ဖို့ အသင့် အနေအထား ကို ပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဥရောပ အာကာသ အေဂျင်စီကတော့ အခု တနေ့ကို တနာရီလောက် နေစွမ်းအင်ကို စုတ်ယူဖို့အတွက် ဆိုလာပြားတွေကို နေရာ အနည်းငယ် ရွေ့ပေး ထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ယာဉ်ပေါ်က ကွန်ပျူ တာ အလုပ်လုပ်နိုင်ဖို့ အထိလုံလောက်မယ့် စွမ်းအင် ကို ရနိုင်မလား ဆိုတာကိုတော့ မသိရသေးပါဘူး။