G 20 ထိပ်သီးညီလာခံ မှာ ရုရှ အပေါ်ဝေဖန်ကြ

  • 15 နိုဝင်ဘာ 2014
vladimir_putin_304x171_ ဓာတ်ပုံ မူပိုင် Reuters
Image caption G20 ညီလာခံ တက် သမ္မတပူတင်

သြစတြေလျ နိုင်ငံ ဘရစ္စဘိန်း မြို့ မှာ ကျင်းပတဲ့ G20 စက်မှု အင်အားကြီး နိုင်ငံတွေ ရဲ့ ထိပ်သီး ညီလာခံ ပထမ ရက် ကတော့ ရုရှား ဘက် က ယူကရိန်းနိုင်ငံ ဘက် ကျူးကျော်မှု တွေ နဲ့ ပတ်သက် လို့ အနောက်အုပ်စု နိုင်ငံ ခေါင်းဆောင်တွေ က သမ္မတ ပူတင် ကို တိုက်ရိုက် ပြောဆိုမှု တွေ ရှိခဲ့လို့ သမ္မတ ပူတင် ဟာ စောစော ပြန်မယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

ဒါပေမဲ့ ဒီသတင်း မဟုတ်မှန်တဲ့ အကြောင်း သမ္မတ ပူတင် ရဲ့ ပြန်ကြားရေး အရာရှိ ဒမစ်ထရီ ပက်စ်ကော့ဗ် က ပြောတာကို ဘီဘီစီ သတင်းထောက် ပေါ်လာကနေဒီ က သတင်းပေးပို့ လိုက်ပါတယ်။

တကယ်တော့ G20 ထိပ်သီး ညီလာခံ ဟာ ကမ္ဘာ့စီးပွားရေး ကိစ္စတွေ ဆွေးနွေးကြဖို့ပါ။ ဒါပေမဲ့ ယူကရိန်းအရေး က လွှမ်းမိုးနေတာ တွေ့ရပါတယ်။ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်း နဲ့ သမ္မတပူတင် က အလွတ်သဘော ပြောရာမှာ ပြင်သစ်နဲ့ ရုရှ နှစ်နိုင်ငံ အကြားမှာ ထိရောက်မှု ရှိတဲ့ ဆက်ဆံရေး အမြဲရှိခဲ့ တဲ့ အကြောင်း အခုကျမှ ကမ္ဘာ့ ပြဿနာတွေ ရှုတ်ထွေး လာတဲ့ အတွက် နှစ်နိုင်ငံ သဘောထားတွေ လည်း ကွဲပြားရပါတယ်၊ ဒါပေမဲ့ အခုလို ကြုံကြိုက်တုန်း မှာ သဘောထား ကွာဟမှု တွေ ကို ကျဉ်းမြောင်း ပစ်မယ် ဆိုရင် အပေါင်းလက္ခဏာ ဆောင်တဲ့ ဆက်ဆံရေး ပေါ်ပေါက်လာနိုင်ပါတယ် လို့ ပြောသွားတာပါ။

ယူကရိန်းပဋိပက္ခ ကြောင့် ရုရှ အပေါ် ပိတ်ဆို့မှု ပြုထားတဲ့ အတွက် ရုရှ က မှာထားတဲ့ ပြင်သစ် စစ်င်္ဘော ၂ စင်း ကို ရုရှ ရေတပ်အတွက် ပို့မပေးတာ ကို သမ္မတ ပူတင် က ထောက်ပြပြောဆိုတာ ဖြစ်ပါတယ်။