တရုတ်နဲ့ သြစတြေးလျ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူ

  • 17 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ကန်ဘာရာမြို့က ပါလီမန်မှာ တရုတ် သမ္မတ မိန့်ခွန်းပြောစဉ်

တရုတ်နဲ့ သြစတြေးလျ ၂ နိုင်ငံကြား လွတ်လပ်စွာ ကုန်သွယ်ရေးကို ဖော်ဆောင် နိုင်ဖို့ အတွက် အဓိက သဘောတူညီချက် တစ်ခုကို ၂ ဘက် လက်မှတ် ထိုးနိုင်ခဲ့ကြတယ်လို့ ကန်ဘာရာ မြို့မှာ ပြုလုပ်တဲ့ တရုတ် သမ္မတ ရှီကျင်းပင်နဲ့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ တို့ရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ကြပါတယ်။

ဒီ သဘော တူညီချက်ကို ရဖို့ တရုတ်နဲ့ သြစတြေးလျတို့ ဆယ်နှစ်ကြာ ဆွေးနွေး ခဲ့ကြရတာ ဖြစ်ပြီး ဒေါ်လာ သန်းထောင်ချီ ပမာဏ ရှိတဲ့ စျေးကွက်သစ် တွေကို ဖွင့်လှစ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လွတ်လပ်စွာ ကုန်သွယ်ရေး သဘော တူညီချက် အရ သြစတြေးလျ မွေးမြူရေး သမား တွေနဲ့ ဝိုင် လုပ်ငန်းရှင် တွေအဖို့ လာမယ့်နှစ် အနည်းငယ် အတွင်းမှာ ကြီးမားတဲ့ တရုတ် စျေးကွက်ကို အခွန်လွတ် တင်ပို့ နိုင်ကြတော့မှာ ဖြစ်ပါတယ်။

တရုတ် သမ္မတ ရှီကျင်းပင်ဟာ ဘရစ္စဘိန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ G20 အစည်းအဝေး ပြီးဆုံးပြီးနောက် သြစတြေးလျမှာ ဆက်လက် လည်ပတ်နေတာ ဖြစ်ပြီး ကန်ဘာရာမြို့က ပါလီမန် မှာလည်း ရှားရှားပါးပါး မိန့်ခွန်း ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ