ဆီယာရာ လီယွန်း ဆရာဝန် အီဘိုလာနဲ့ US မှာ သေဆုံး

  • 17 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption အမေရိကန်ကို လာရောက် ကုသမှု ခံယူစဉ် သေဆုံးသွားတဲ့ ဆီယာရာ လီယွန်း ဒေါက်တာ Martin Salia

အီဘိုလာ ရောဂါ ကူးစက် ခံရတဲ့ ဆီယာရာ လီယွန်း နိုင်ငံသား ခွဲစိပ် ဆရာဝန် တစ်ယောက် အမေရိကန် နိုင်ငံမှာ သေဆုံး သွားတယ်လို့ နီဘရာစကာ ဆေးရုံက ကြေညာ လိုက်ပါတယ်။

အမေရိကန်သူကို လက်ထပ် ထားတဲ့ ဆီယာရာ လီယွန်းက ဒေါက်တာ Martin Salia ဟာ ပြီးခဲ့တဲ့ စနေနေ့က အီဘိုလာ ရောဂါ ကုသမှု ခံယူဖို့ အမေရိကန်ကို ရောက်ရှိ လာတာ ဖြစ်ပါတယ်။

သူဟာ အမေရိကန် နိုင်ငံတွင်းမှာ အီဘိုလာကြောင့် သေဆုံးရတဲ့ ဒုတိယမြောက် လူနာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ လကလည်း အမေရိကန်မှာ ရှိတဲ့ ဆွေမျိုးတွေဆီ လာရောက် လည်ပတ်တဲ့ လိုင်ဘေးရီးယား နိုင်ငံသား တစ်ဦး အီဘိုလာနဲ့ သေဆုံး ခဲ့ပါတယ်။

အီဘိုလာ ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အနောက် အာဖရိကမှာ အများဆုံး ဖြစ်ပြီး ခုချိန်အထိ သေဆုံးသူ စုစုပေါင်း လူ ၅၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ