အမေရိကန် ပီတာကက်စစ် ကို အိုင်အက်စ် သတ်မှု

  • 17 နိုဝင်ဘာ 2014
peter_kassig1_
Image caption အမေရိကန် စေတနာ့ဝန်ထမ်း ပီတာကက်စစ်

အမေရိကန် သမ္မတ အိုဘားမား က အမေရိကန် စေတနာ့ ဝန်ထမ်း ပီတာ ကက်စစ် ကို အစ္စလမ်မစ် နိုင်ငံ အဖွဲ့ အိုင်အက်စ် တွေ က သတ်ဖြတ်တာ ကို ဗီဒီယို ခွေ ပေးပို့ချက်အရ ပေါ်လာတဲ့ သတင်း အပေါ် မှာ အတည်ပြုချက် ပေးလိုက်ပါပြီ။ ပီတာ ကက်စစ် ရဲ့ မိသားစု ကိုလည်းဒီဖြစ်ရပ်ကြောင့် ဝမ်းနည်းကြောင်း ပြောလိုက်ပါတယ်။

ပီတာ ကက်စစ် ခေါ် အဗ္ဗဒူ ရာမန် ကက်စစ် ဟာ ပြီးခဲ့တဲ့ နှစ် က ဆီးရီးယား မှာ ပြန်ပေးဆွဲ ခံရတာပါ။ ဒီ လုပ်ရပ် ဟာ ရက်စက် လူမဆန်တဲ့ သတ်မှု အဖြစ် သမ္မတ အိုဘားမား က ပြောပါတယ်။ ဗီဒီယို ခွေ ထဲ မှာ ဆိုရင် မျက်နှာဖုံး စွပ်ထား သူ က ဒါးနဲ့ ဝှေ့ယမ်းနေပြီး အမေရိကန် စစ်သားတွေ အလားတူ ဖြစ်ရပ် နဲ့ ကြုံရမယ် လို့ လည်း ချိန်းခြောက်ပါတယ်။ ဒီဗီဒီယို အခွေထဲ မှာပဲ ဆီးရီးယား စစ်သားတွေ ကို တန်းစီ ဒူးထောက် ထိုင်စေပြီး အိုင်အက်စ် တွေက ခေါင်းဖြတ် သတ်တာ လည်း ရိုက်ပြထားပါတယ်။

ပီတာကက်စစ် ရဲ့ မိဖ တွေ က သူတို့သား ကို သူလုပ်ဆောင်ခဲ့တဲ့ စေတနာ့ဝန်ထမ်း အလုပ် ရယ်၊ လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေတွေ ရယ်၊ မိသားစုဝင်တွေ နဲ့ ဝေမျှခဲ့တာ ကိုပဲ အမှတ်ရ စေလိုတဲ့ အကြောင်း၊ သူ့ကို တံဆာခံ အဖြစ်ခေါ်သွားပြီး သတ်ဖြတ်ခဲ့တဲ့ လူတွေ က အကြောက်တရားနဲ့ ခြိမ်းခြောက် အသုံးချ တာကို အမှတ်မရ စေလိုတဲ့ အကြောင်း တွေ ပြောပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ကလည်း ပီတာကက်စစ် ဟာ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ထွက်ပြေးကြတဲ့ သူတွေ ကို ကူညီတဲ့ ကိုယ်ချင်းစာ သူ စေတနာရှင် အဖြစ် တင်စား ပြောပါတယ်။