ဂျေရုဆလမ် တိုက်ခိုက်မှု အပေါ်တုံ့ပြန်သံ

  • 18 နိုဝင်ဘာ 2014
erusalem_304x171_ ဓာတ်ပုံ မူပိုင် Getty
Image caption ဂျေရုဆလမ် တိုက်ခိုက်ခံရမှုကို ဂျူးလူထုဆန္ဒပြ

မနေ့ က ဂျေရူဆလမ်မြို့ က ဂျူးဝတ်ပြုကျောင်း ကို ပါလက်စတိုင်း လူငယ်နှစ်ဦး တိုက်ခိုက်မှုကြောင့် လေးဦး သေဆုံးပြီး လူတချို့ ဒဏ်ရာရတဲ့ ဖြစ်ရပ် ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ပြစ်တင် ရှုံ့ချတဲ့သတင်း ကို ဘီဘီစီ သတင်းထောက် နာဒါတောဖစ် က ပေးပို့ လိုက်ပါတယ်။

သေဆုံး ဒဏ်ရသူတွေ ရဲ့ မိသားစု ဝင်တွေ ကိုလည်း ဝမ်းနည်းစကား ပါးလိုက်ပါတယ်။ တဆက်ထဲမှာဘဲ နှစ်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့ ဂျေရူဆလမ်မြို့ မှာ တင်းမာမှု အရှိန် လျော့အောင် လုပ်ဆောင်ဖို့ လည်း မစ္စတာ ဘန်ကီမွန်း က တိုက်တွန်းလိုက်ပါတယ်။ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် က ဒီတိုက်ခိုက်မှု အပေါ် ပြစ်တင်ဝေဖန်တဲ့ အပေါ်မှာ လည်း မစ္စတာ ဘန်ကီမွန်း က ကြိုဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ကလည်း သေဆုံးသူလေးဦး အနက် သုံးဦး ဟာ အမေရိကန် နိုင်ငံသားတွေ ဖြစ်လို့ အစ္စရေး အတွက်ရော အမေရိကန် နိုင်ငံ အတွက်ပါ ကြေကွဲစရာ ဖြစ်ရပ် အဖြစ် ပြောယင်း ဒီလပိုင်းတွေ အတွင်းမှာ မနေ့ က ကြေကွဲဘွယ် ဖြစ်ရပ် တခု ထဲ ပေါ်ပေါက်ခဲ့တာ မဟုတ်တဲ့ အကြောင်း၊ အစ္စရေး တွေ အများအပြား သေဆုံးရသလို ပါလက်စတိုင်းတွေ လည်း အသက်ပျောက်ခဲ့တာ မနည်းတော့ လို့ အခုလို ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ အချိန်မှာ နှစ်ဘက်စလုံး အနေ နဲ့ တင်းမာမှု တွေ လျော့အောင်၊ အကြမ်းဖက်မှု တွေ ကို လက်မခံဘူး ဆိုတာကို ပူးပေါင်း ဆောင်ရွက်ကြပါ လို့ ပြောတာပါ။

သေဆုံးသူလေးယောက် ထဲမှာ ဗြိတိသျှ နိုင်ငံသား တဦးလည်းပါဝင်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နက်တန်ယာဟု ကတော့ ဒီလိုကာလ မှာ ပြည်သူတွေ အနေနဲ့ ညီညွတ်ကြဖို့၊ ဒါပေမဲ့ စိတ်ထင်ရာလုပ်တဲ့ အနေနဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ ရှောင်ကျဉ် ဖို့တော့ မှာကြားပြီး ဂျေရူဆလမ်မြို့ မှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။